ပါလက်စတိုင်းသမ္မတမာမွတ်အဘတ်ဟာအမေရိကန်

သမ္မတထရန့်ကိုဒေါသထွက်နေပါတယ်။ထရန့်ဟာဒီဇင်ဘာခြောက်ရက်နေ့ဂျေရုဆလင်မြို့ကို

အစ္စရေးနိုင်ငံရဲ့မြို့တော်အဖြစ်အသိအမှတ်ပြုတယ်လို့ကြေညာခဲ့မှုအပေါ်မှာမာမွတ်အဘတ်ကဒေါသထွက်နေခဲ့တာပါ။

ပါလက်စတိုင်းတွေဟာလည်းဂျေရုဆလင်ကိုပါလက်စတိုင်း

ရဲ့အနာဂတ်မြို့တော်အဖြစ်သတ်မှတ်ထားကြပါတယ်။

အမေရိကန်ရဲ့ရပ်တည်ချက်ကိုပါလက်စတိုင်းအနေနဲမ

မကြေမလည်ဖြစ်နေပြီးအစ္စရေးနဲ့ပါလက်စတိုင်းတို်ရဲ့

လညလတ္တံ့သောဆွေးနွေးပွဲတွေမှာအမေရိကန်ကိုကြားခံလူ

အဖြစ်ထည့်သွင်းဆွေးနွေးဖို့ရာမဖြစ်နိုင်တော့ဘူးလို့မာမွတ်အဘတ်ကပြောပါတယ်။

အမေရိကန်နဲ့ခွာပြဲသွားတဲ့ပါလက်စတိုင်းဟာရုရှားနဲ့တရုတ်

အပေါ်ပေါ်လစီတွေယိမ်းလာခဲ့ပါတယ်။မော်စကိုဟာပါလက်စတိုင်းဘက်ကနေရပ်တည်ခဲ့တာကိုတွေ့ရြ

ပြီးပါလက်စတိုင်းရဲ့ဒေါသထွက်မှုကိုနားလည်တယ်လို့ပြော

ကြားခဲ့ပါတယ်။ရှရှားနိုင်ငံခြားရေးဝန်ကြီးဆီးဂေးလာဗရော့က

နှစ်ပေါင်းများစွာအလျော့ပေးလာရတဲ့ပါလက်စတိုင်း

လူမျိုးတွေရဲ့ခံပြင်းဒေါသတွေကိုသူ့အနေနဲ့စာနာနားလည်မိတယ်လို့ပြောခဲ့ပါတယ်။ဒါဟာရှရှားရဲ့ရပ်တည်မှုပါပဲ။

ပါလက်စတိုင်းအစိုးရဟာအမေရိကန်ရဲ့ကြေညာချက်ထုတ်ပြန်အပြီးမှာရှရှားနဲ့တရုတ်ပြည်တို့ကိုသံတမန်တွေစေလွတ်ခဲ့ပါတယ်။

အစ္စရေးနဲ့ဆွေးနွေးပွဲတွေမှာသူတို့ရဲ့ရပ်တည်မှုပိုမိုမြင့်

မားလာစေဖို့အတွက်ကြိုးစားမှုဟာအရာထင်ခဲ့တယ်လို့ဆိုရမှာပါ။

ရုရှားဟာပါလက်စတိုင်းဘက်ကရပ်တည်မှုကိုအထင်အရှားပြခဲ့ပေမယ့်တရုတ်ကတော့အခြေအနေကြည့်နေဆဲပါ။

အစ္စရေး-ပါလက်စတိုင်းဆွေးနွေးပွဲတွေဟာမကြာခင်ပြန်လည်

စတင်လာဖို့ရှိနေပါတယ်။ရုရှားဟာလည်းပါလက်စတိုင်း-

အစ္စရေးဆွေးနွေးပွဲတွေကိုကြိုဆိုပါတယ်လို့ပြောကြားခဲ့ပါတယ်။အစ္စရေးပါလက်စတိုင်းဆွေးနွေးပွဲတွေကို2014ခုနှစ်ကတည်းကရပ်ဆိုင်းထားခဲ့တာပါ။

Source-RFA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။