လိပ်ခဲတည်းလည်းဖြစ်နေတဲ့မြန်မာကစားသမားအောင်

ကျော်နိုင်ရဲ့အပြောင်းအရွှေ ့ပြီးမြောက်သွားပါပြီ။

ဒီနေ့ညနေမှာပဲထိုင်းT-2ကလပ်အန်တွန်ယူနိုက်တက်

အသင်းဟာအောင်ကျော်နိုင်ကိုတရားဝင်စာချုပ်

ချုပ်ဆိုခဲ့ပြီးအပြောင်းအရွှေ ့သတင်းဓာတ်ပုံတွေအသင်း

ရဲ့Facebookစာမျက်နှာကနေတရားဝင်ထုတ်ပြန်ခဲ့တာပါ။

ဒမတိုင်ခင်မှာအောင်ကျော်နိုင်ဟာထိုင်းကလပ်တစ်ခုပဲဖြစ်တဲ့

နာရာယူနိုက်တက်ဆီပြောင်းရွှေ ့ဖို့ရာခိုင်နှုန်းများခဲ့တာပါ။

ဒါပေမယ့်နာရာယူနိုက်တက်အသင်းမှာလစာကိစ္စငြိမရတာကြောင့်တခြားသော

ထိုင်းကလပ်အသင်းတစ်သင်းကိုပြောင်းဖို့ဆုံးဖြတ်ခဲ့တာပါ။နာရာထက်စာရင်အန်တွန်အတန်းတစ်တန်း

ပိုမြင့်လို့မှန်ကန်တဲ့ရွေးချယ်မှုလို့ပြောရမှာပါ။အောင်ကျော်နိုင်

ဟာအန်တွန်မှာကစားနေတဲ့အတွက်ဆာမတ်ဆာခွန်မှာ

ကစားနေတဲ့တစ်နိုင်ငံတည်းသားကစားသမားကောင်း

ဆက်နိုင်နဲ့ယှဉ်ပြိုင်ရမှာပါ။အခုဆိုရင်ထိုင်းလိဂ်သုံးခုလုံးမှာ

မြန်မာကစားသမားတွေရှိနေကြပါပြီ။

အောင်ကျော်နိုင်ဟာစင်ကာပူကလပ်ဘလက်စတီးယားမှာ

သွားရောက်ကစားခဲ့သူပါ။ဒီနှစ်ဘောလုံးရာသီမှာဧရာဝတီ

ယူနိုက်တက်မှာပြန်ကစားဖို့နီးစပ်ခဲ့ပေမယ့်အဆုံးသတ်

မှာတော့ထိုင်းကိုထွက်ကစားဖို့ဆုံးဖြတ်ခဲ့တာပါ။

အခုဆိုရင်ဘလက်စတီးယားရဲသုံးဖော်ဖြစ်တဲ့

အောင်ကျော်နိုင်၊နန္ဒ၊ကျော်ဇေယျာဝင်းသုံးဦးမှာအောင်ကျော်နိုင်နဲ့နန္ဒက

ထိုင်းကိုရောက်နေကြပြီးကျော်ဇေယျာဝင်းဟာလည်းထိုင်းကလပ်တွေနဲ့ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

Source-Siam Sports


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။