ဆက်ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော်လွှမ်းပိုက်ဟာ မကြာသေးမီ အချိန်ကမှကိုယ်ပိုင်စီးပွားလုပ်ငန်းအဖြစ် High School အမည်ရှိတဲ့ဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ သို့သော် ထိုဖက်ရှင်ဆိုင်တွင် ရောင်းချသည့် ပစ္စည်းများနှင့် ပက်သက်၍ ဝေဖန်မှုများရှိနေတဲ့အပေါ် လွှမ်းပိုင်ကအခုလိုပဲဖြေရှင်း ထားပါတယ်။

‘‘တစ်နိုင်ငံလုံးမှာ ဟိုးအရင် ကတည်းက ဒါမျိုးတွေက ရောင်း နေကျပါ။ ကျွန်တော့်ကျမှ ပြော တယ်ဆိုတော့ ကျွန်တော့်ကိုကြည့် မရတဲ့သူတွေက ဒါကိုထောက်ပြ တယ်လို့ပဲ ထင်တယ်။ ကျွန်တော် က ကျွန်တော်တို့ဆိုင်မှာ ကျွန် တော်တို့ထုတ်တဲ့ဟာမဟုတ်ဘဲ၊ ကျွန်တော်တို့ အိုင်ဒီယာမဟုတ် ဘဲ ကျွန်တော်တို့ တံဆိပ်ကပ် တယ်လို့ ပြောတယ်။ အမှန်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆိုင် က တံဆိပ်လည်း မကပ်ပါဘူး။ အစောကြီးကတည်းက တရုတ် က ဝယ်တာလို့ပြောပြီးသားပါ။ ပြီး တော့ ဆိုင်မှာတင်ရောင်းတယ်။ အဲဒါကို တချို့တွေက တလွဲတွေ လျှောက်ပြောကြတယ်။ ကျွန် တော်တို့က ဦးနှောက်ဖောက်စား ပြီးတော့ တံဆိပ်တွေလျှောက် ကပ်ပါတယ်တဲ့။ တကယ်တော့ လာမယ့် နွေရာသီမှာ High Skoolရဲ့ Brand က စဖြန့်မှာပါ’’ဟု ၎င်း က ပြောသည်။

High Skool ဖက်ရှင်ဆိုင်ဖွင့် ထားသည်မှာ တစ်လခန့်သာရှိ သေးသောကြောင့် အခြေမကျ သေးဘဲ စီးပွားရေးနှင့်ပတ်သက်၍ လေ့လာသင်ယူနေဆဲဖြစ်သည် ဟု ၎င်းက ဆိုသည်။

‘‘ဒီလိုပဲ လုံးလည်ချာလည်နဲ့ လေ့လာသင်ယူနေရဆဲပဲ။ စီးပွား ရေးက အရင်းရှိတယ်။ အနုပညာ ကတော့ ကိုယ့်ရဲ့ အနုပညာဖန် တီးနိုင်မှုက အရင်းပေါ့။ စီးပွားရေးက ငွေနဲ့ရင်းပြီး လုပ်ရတယ်ဆို တော့ Feel ကတော့ မတူဘူးပေါ့။ အနုပညာကတော့ ဦးနှောက်ခံစားချက်တွေ ဒါတွေနဲ့ လုပ်ရတယ်။ စီးပွားရေးကတော့ နည်းနည်း လေး ပူပင်သောကများတယ်။ ကာယရော၊ ဉာဏရော အကုန် သုံးရတယ်’’ဟု လွှမ်းပိုင်က ပြော ပါတယ်။

‘ကျွန်တော်က ကျွန်တော် ကြိုက်တဲ့ ဒီဇိုင်းဆို ဝတ်ဖြစ်တယ်။ ဒါပေမဲ့ တထေရာတည်းတော့ လိုက်တုတာမဟုတ်ဘူ။ ဒါပေမဲ့ တူမှာပဲဗျာ။ အခုခေတ်မှာ ဒါမျိုး အကျႌတွေ နိုင်ငံခြားက ရက်ပ်ပါ တွေလည်းဝတ်တယ်။ ကျွန်တော် ဝတ်တယ်။ ဒါကို ကျွန်တော့်ကို တုတယ်လို့ ပြောရင်လည်း ပြော လို့ရတယ်။ မပြောရင်လည်း မပြောလို့ရတယ်။ သိပ်ပြီးတော့ Feel မထားတော့ဘူး’’ဟု မိမိရဲ့ ဖက်ရှင် ဝေဖန်မှုများွှင့်ပက်သက်၍လည်း လွှမ်း ပိုင်က ဆိုပါတယ်။

အဆိုတေါ် လွှမ်းပိုင်ဟါလက်ရှိတွင် ‘ဘာညာဘာ ညာ’ဟု အမည်ရသော ဖန်စီအ ပျော်သီချင်းတစ်ပုဒ်ထွက်ရှိရန် စီစဉ်နေပြီး ၎င်းပါဝင်ရိုက်ကူးထား သည့် ရုပ်ရှင်များလည်း ရုံတင်ပြသရန်ရှိကာ မီနီအယ်လ်ဘမ်အခွေ ပြင်ဆင်နေသည်။

Source: 7day Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။