လတ်တလောမှာ အဆိုတော်ရဲရင့်အောင်နဲ့ ပါတ်သတ်ပြီး ပရိတ်သတ်တွေကြားရေပန်းစားနေတဲ့ သတင်းတစ်ရပ်ကတော့ သူ့လက်ပေါ်မှာ မကြာသေးခင်ကထိုးလိုက်တဲ့ တတ်တူးအကြောင်းပဲဖြစ်ပါတယ် ။ ချစ်သူဖြစ်တဲ့ မော်ဒယ် ဧငြိမ်းဖြူနဲ့ စုံတွဲပုံလေးကို ပုံတူတတ်တူးထိုးခဲ့တာဖြစ်ပြီး အဲဒီ တတ်တူးပုံကိုတွေ့မြင်ကြတဲ့ ပရိတ်သတ်တွေက

တတ်တူးလက်ရာကို ဝေဖန်နေကြပါတယ် ။ တတ်တူးအနေအထားအရ ရဲရင့်အောင်ရဲ့ နှာခေါင်းပုံစံဘေးဘက်အနည်းငယ်စောင်းနေတာကို ၀ုိင်းဝန်းဝေဖန်နေခဲ့ကြတာပါ ။ အဲဒီလို ဝေဖန်ခံနေရတာနဲ့ပါတ်သတ်ပြီး ရဲရင့်အောင်ရဲ့ ချစ်သူ မော်ဒယ် ဧငြိမ်းဖြူကတော့ 

သူ့ Tattoo လေးဘယ်သူကြိုက်ကြိုက်

မကြိုက်ကြိုက် ... ကိုယ်အရမ်းသဘောကျတယ်.... ဘယ်သူမှကြိုက်ဖို့မလိုဘူး

ဘယ်သူမှ ကြိုက်ဖို့ သူထိုးခဲ့တာ မဟုတ်သလို

ကိုယ်တို့နှစ်ယောက်အတွက် တန်ဖိုးမပြတ်နိုင်တဲ့အရာလေး " လို့ ဆိုကာ ချစ်သူဘက်က မားမားမတ်မတ်ရပ်တည်ပေးခဲ့ပါတယ် ။ 

ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ဟာ သူငယ်ချင်းဘဝကနေ ချစ်သူတွေဖြစ်လာခဲ့ကြတာဖြစ်ပြီး ခု ထိုးတဲ့ တတ်တူးလေးဟာလည်း သူတို့နှစ်ယောက် ချစ်သက်တမ်း တစ်နှစ်ပြည့်အမှတ်တရ အဖြစ် ရဲရင့်အောင်ကထိုးပေးခဲ့တာလို့ သိရှိရပါတယ် ။ ခုလို ဝေဖန်ခြင်းခံနေရတဲ့အပေါ် ဧငြိမ်းဖြူက သူမရဲ့ သဘောထားကို ထုတ်ဖော်ပြောကြားလိုက်တာပဲဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ် A Nyein Phyu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။