ရှမ်းယူနိုက်တက်ဟာဒီနှစ်ဘောလုံးရာသီမှာပယ်နယ်တီကျိန်စာသင့်နေတယ်လို့ဆိုရမှာပါ။ချာရတီဖလားပွဲမှာလည်းရန်ကုန်ကိုပယ်နယ်တီနဲ့အရှုံးပေးခဲ့

ရသလိုအာရှချန်ပီယံလိဂ်ပထမဆင့်မှာလည်းဆီးရပ်ကိုပယ်နယ်တီနဲ့ထပ်မံအရှုံးပေးခဲ့ရပြန်ပါတယ်။မြန်မာနိုင်ငံကိုယ်စားပြု

အဖြစ်ပထမဆုံးယှဉ်ပြိုင်ခဲ့တဲ့ရှမ်းယူနိုက်တက်အတွက်ကတော့

ပထမဆုံးအာရှချန်ပီယံလိဂ်ခြေစစ်ပွဲမှာပဲအရှံုးပေးလိုက်ရတာပါ။ရှမ်းယူနိုက်တက်ကိုအများကြီးမျှော်လင့်ထားကြတဲ့ပရိသတ်

တွေအတွက်တော့စိတ်ပျက်ဖွယ်ဖြစ်ခဲ့ရပါတယ်။

ရှမ်းအသင်းရဲ့အဓိကကစားသမားတွေနာနေတဲ့အကြောင်း

ကလည်းဒီပွဲအရှုံးရဲ့အကြောင်းရင်းတစ်ရပ်ဖြစ်ခဲ့ရပါတယ်။

နောက်တစ်ခုကရှမ်းယူနိုက်တက်ရဲ့ရာသီကြိုပြင်ဆင်မှု

အပိုင်းတွေအားနည်းမှုကလည်းဒီပွဲကိုရှံုးစေခဲ့တာပါ။ဆီးရပ်

ဟာဖိလစ်ပိုင်ချန်ပီယံဆိုပေမယ့်် အရမ်းကြီးအားကောင်းတဲ့အသင်းတစ်သင်းမဟုတ်ပါဘူး။မိုက်အော့တို့လိုဖိလစ်ပိုင်လက်ရွေးစင်တွေကိုအဓိကအားပြု

ထားတဲ့အသင်းတစ်သင်းပါ။မနေ့ကပွဲမှာတစ်ဖက်နဲ့တစ်ဖက်အကြိတ်အနယ်ယှဉ်ပြိုင်

ကစားခဲ့ပြီးဂိုးမရှိသရေကျခဲ့ပါတယ်။

ဂိုးမရှိသရေကျခဲ့ပြီးအချိန်ပိုဆက်ကစားရာမှာတော့ဆီးရပ်ကစားသမားစတီဗင်ရဲ့ဂိုးရှေ့ဖြတ်တင်ပေးမှုကိုရှမ်းနောက်ခံလူဝီလျံခေါင်းတိုက်ဖျက်ထုတ်ဖို့ကြိုးစားရင်Own Goalသွင်းမိသွား

ပါတယ်။ဒါပေမယ့်သိပ်မကြာခင်မှာပဲပက်ထရစ်ကရှမ်းအတွက်လှလှပပ

ချေပဂိုးပြန်သွင်းပေးခဲ့ပါတယ်။အချိန်ပိုကစားရာမှာလည်း

တစ်ဖက်တစ်ဂိုးစီသရေကျနေခဲ့တာကြောင့်ပယ်နယ်တီအဆုံး

အဖြတ်ကန်သွင်းရာမှာတော့ရှမ်းအသင်းရဲ့ပြည်ပကစားသမား

တွေဖြစ်တဲ့ခရစ္စတိုဖာ၊ဝီလျံတို့လွဲချော်ခဲ့တာကြောင့်ရှမ်းယူနိုက်တက်အာရှချန်ပီယံ

လိဂ်ကိုလက်ပြနှုတ်ဆက်ခဲ့ရပါတယ်။

Source-Shan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။