မင်းသားချောဇေရဲထက်ကတော့ပြီးခဲ့တဲ့သူရဲ့မွေးနေ့ဖြတ်သန်းမှုပုံရိပ်လေးတွေကိုပရိသတ်တွေဆီထပ်မံဝေမျှလိုက်တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ၅ရက်နေ့မှာသူငယ်ချင်းမိတ်ဆွေတွေချစ်ပရိသတ်တွေအားလုံးနဲ့အတူမွေးနေ့အလှူလေးခဲ့ကြတာပဲဖြစ်ပါတယ်။ဇေရဲထက်တစ်ယောက်ကတော့မွေးနေ့မှာလှူဒါန်းမှုတွေအများကြီးပြုလုပ်ခဲ့တာဖြစ်ပြီးကုသိုလ်တွေအများကြီးရလိုက်တာပဲဖြစ်ပါတယ်။

လှူဒါန်းခဲ့တဲ့နေရာလေးတွေကတော့ သံလျင်သဘာဝတရားရိပ်သာ မြောက်ဒဂုံမိဘမ ဲ့ဂေဟာ HIV ကူးစက်ခံကလေးများဂေဟာ စတဲ့သုံးနေရာမှာသွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ဇေရဲထက်နဲ့ထပ်တူချစ်ပရိသတ်တွေလည်းဝမ်းသားကြည်နူးခဲ့ရတဲ့နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်။မွေးနေ့ရှင်ဇေရဲထက်တစ်ယောက်လည်းမွေးနေ့မှာအခုလိုချစ်တဲ့ပရိသတ်တွေနဲ့အတူကုသိုလ်ပြုခဲ့ရတာကြောင့်အရမ်းကိုပီတီဖြစ်နေတဲ့မျက်နှာလေးကိုအတိုင်းသားမြင်တွေ့ရတာပဲဖြစ်ပါတယ်။ 

ဇေရဲထက်ရဲ့လူမှုကွန်ယက်မှာလည်းမွေးနေ့မှာလှူဒါန်းကုသိုလ်ပြုခဲ့တဲ့ကြည်နူးဖွယ်ပုံရိပ်လေးတွေကိုထပ်မံမျှဝေလိုက်တာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေကလည်းဒီထက်မကလှူနိုင်တန်းနိုင်ဖို့ဆုမွန်ကောင်းတောင်းပေးကြနေကြတာပဲဖြစ်ပါတယ်။ဇေရဲထက်အတွက်ဖြတ်သန်းခဲ့မွေးနေ့လေးကဘဝမှာတကယ်ကိုအမှတ်ရစရာနေ့လေးတစ်နေ့အဖြစ်ထင်ကျန်နေမယ်လို့ယုံကြည်ပါတယ်။ဇေရဲထက်ရဲ့မွေးနေ့ဖြတ်သန်းခဲ့တဲ့ပုံရိပ်လေးတွေထက်မံမျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ဇေရဲထက် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။