ဖေဖေ ပြေတီဦးရဲ့ သမီးလေးသုသုထံသို့ပေးစာ

သမီလေးဖတ်ဖို့..

သမီးရေ..

ကိုယ်ဖြစ်ချင်တာတွေ စိတ်တိုင်းကျဖြစ်မလာတဲ့အခါ သူများတွေကိုပဲအပြစ်မမြင်ရဘူးနော်...ကိုယ့်ရဲ့ချို့ယွင်းချက်တွေကိုလည်း မြင်အောင်ကြည့်တတ်ရမယ်..

လူဆိုတာ ကိုယ့်အပြစ်ကို ကိုယ်မမြင်ပဲ သူများအပြစ်ကိုပဲမြင်တတ်တာသဘာဝဆိုပေမယ့် အဲဒီလိုလူမျိုးထဲမှာမပါအောင်ကြိုးစား ရမယ်နော်...

သမီးရေ...

လူတွေဆီကလိုချင်တာတွေ ရှိတဲ့အခါ..အဲဒီအရာတွေကို ကိုယ်ကအရင်ပေးနိုင်အောင်ကြိုး စားရမယ်နော်..ကိုယ်ကတောင်မပေးနိုင်တဲ့အရာတွေကိုသူများတွေဆီက လိုချင်ရင်တော့ ဘယ်တော့မှရမှာမဟုတ်ဘူးဆိုတာ သမီးသိထားရမယ်....

သမီးရေ..

ကိုယ့်မှာတစ်ကယ်ရှိနေတဲ့အရာတွေ ထက်ပိုပြီး ကိုယ့်ကိုကိုယ် အထင်ကြီး.. ဘဝင်လည်းမမြင့်ရဘူးနော်..ဘဝင်မြင့်ရင် အကျနာတတ်တယ် သမီးရေ...

သမီးရေ....

လူတစ်ယောက်ကို စိတ်ဆိုးရင်ပဲဖြစ်ဖြစ်..ဒေါသထွက်ရင်ပဲ ဖြစ်ဖြစ်..ဘယ်တော့မှမရိုင်းရဘူးနော်..ကိုယ့်ရဲ့ပြုမူ ပြောဆိုမှုတွေဟာ ကိုယ့်ရဲ့အဆင့်အတန်းကိုဖော်ပြနေတယ်ဆိုတာ မမေ့ပါနဲ့....

သမီးရေ...

လူတွေဆီက ဘာရမလဲလို့အရင်မတွေးရဘူးနော်..

လူတွေကို ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကိုပဲ အရင်တွေးပါနော်...ရိုးသားပြီးစေတနာမှန်ရင် မလိုချင်လဲ ကောင်းကျိုးချမ်းသာတွေ အလိုလိုရလာပါလိမ့်မယ်သမီးလေးရေ...

သမီးရေ...

တစ်ချို့အရာတွေက ရနေတုန်းမှာ တန်ဘိုးရှိမှန်းသတိမထားမိတတ်ကြဘူး...မရတော့မှတန်ဘိုးရှိမှန်း သိတတ်ကြတယ်..အဲဒါကြောင့်ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ တန်ဘိုးရှိတဲ့အရာတွေကို မြင်အောင်ကြည့်ပြီး တန်ဘိုးထားတတ်ပါစေသမီးလေးရေ..အချိန်နှောင်းမှသိရင် သမီးလေးနောင်တရနေမှာ စိုးလို့ပါ...

ဆိုပြီးတော့ ပြေတီဦးရဲ့ ဖေ့စ်ဘွတ် ပေါ်မှာ သမီးလေးသုသု ဖတ်ဖို့ ဆိုပြီးရေးသားထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။