အဆိုတော်ချမ်းချမ်းတစ်ယောက်တော့ သမီးငယ်လေးနဲ့အတူ ရှေ့ဆက်မယ့်ဘဝအတွက် အလုပ်ကိုကြိုးစားလို့နေပါတယ်။ ရက်ဆက်ဆိုသလို ရှိုးပွဲများနဲ့ ဖွင့်ပွဲတိုင်းမှာ သူမကိုမြင်တွေ့နေပါတယ်။

ဒီလိုကြိုးစားနေတာဟာ ငြိမ်းချမ်းလာတော့မယ့် သူမအနာဂတ်အတွက် မလိုတော့တဲ့ နှစ်အပိုင်းအခြားတစ်ခုမှာ အကောင်အထည်ဖော်နိုင်ဖို့ အတွက်ပါတဲ့။

မွန်းကျပ်တဲ့မြို့ပြကနေ တောတောင်သဘာဝတွေနဲ့ အေးချမ်းတဲ့ တောင်ပေါ်မြို့လေးတစ်မြို့ကို စိတ်ကူးထားကာ အဲဒီမြို့လေးကတော့ သူမအကြိုက်ဆုံးဖြစ်တဲ့ တောင်ကြီးမြို့လေးပါတဲ့။ လိုချင်လောဘ တဏှာတွေကင်းတဲ့ ဘဝလေးတစ်ခုကို စတင်နိုင်ဖို့ ကြိုးစားနေတာ မကြာမီအကောင်အထည်ဖော်နိုင်တော့မှာမို့ ဝမ်းနည်းဝမ်းသာဖြစ်မိပါတယ်လို့လည်း ဆိုပါတယ်။

အလုပ်တွေကို ကြိုးစားလုပ်ရင်း ဝမ်းစာအတွက် ရှာဖွေခဲ့တာလည်း အချိန်အတိုင်းအတာတစ်ခုရှိနေပီမို့ အေးအေးချမ်းချမ်းသာ နေသွားချင်တဲ့ သူမပါ။ Melody World ဆိုတဲ့ မျိုးဆက်သစ်လူငယ်ကလေးများကို ပျိုးထောင်ပေးခဲ့တဲ့ အစီအစဉ်ကနေ ဂီတခရီးလမ်းကိုလျှောက်လှမ်းခဲ့တဲ့ သူမက အခုဆိုရင်တော့ ဒီလိုလူငယ်လေး တွေအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ ဒိုင်တစ်ယောက်အဖြစ်တောင် ပါဝင်လို့နေပါပြီ။ ဒါကတော့ သူမရဲ့ ကြိုးစားနိုင်မှု ရလဒ်ကောင်းတွေပဲ ဖြစ်ပါတယ်။ ဒါဆိုချမ်းချမ်းရဲ့ လတ်တ လောပုံလေးတွေကို ကြည့်ရအောင်နော်။

Source – Chan Mya Nyein FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။