နာဇီဂျာမနီခေါင်းဆောင် ဟစ်တလာ စီးခဲ့တဲ့ မာစီဒီးကား ကို အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှာ ပြုလုပ်မယ့် လေလံပွဲမှာ လေလံတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဂျာမန်အဓိပတိ အဒေါ့ပ်ဟစ်တလာဟာ အဲ့ဒီ မာစီဒီး ကို ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်ရေးပြအခမ်းအနားတွေသွားတဲ့အခါ အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် အဲ့ဒီ မာစီဒီးဟာ တစ်နာရီကို မိုင်(၁၀၀) နှုန်းနဲ့ မောင်းနှင်နိုင်ပြီး Benz 770 အမျိုးအစားအဖြစ် ကမ္ဘာမှာ လူသိများတဲ့ ကားဖြစ်ပါတယ်။ အဲ့ဒီ သမိုင်းဝင် မာစီဒီး ကားကို ဟစ်တလာ က စစ်ရေးပြအခမ်းအနားတွေရှိတဲ့အခါ ကားရဲ့ အရှေ့ခေါင်းမှာ မတ်တပ်ရပ်ပြီး ဗိုလ်ရှုသဘင်အခမ်းအနားတွေကို တက်ရောက်လေ့ရှိပါတယ်။

ဒါ့ပြင် ဟစ်တလာ ဟာ ဒုတိယကမ္ဘာစစ်မှာ ပြင်သစ်ကို အနိုင်ရလိုက်ချိန်မှာ အီတလီအာဏာရှင် မူဆိုလီနီ ဆီ သွားရောက်ချိန်မှာ စီးနင်းခဲ့တာဖြစ်ပါတယ်။

အဆိုပါမာစီဒီးကို ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကန်စစ်တပ်က ပြင်သစ်နိုင်ငံမှာ သိမ်းယူလိုက်တာဖြစ်ပါတယ်။

သူစီးခဲ့တဲ့ မာစီဒီး ကို ဇန်နဝါရီလ(၁၇)ရက်နေ့က စပြီး လေလံတင်ရောင်းချမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဟစ်တလာရဲ့ မာစီဒီး ဟာ ကမ္ဘာမှာ တန်ဖိုးအမြင့်ဆုံး သမိုင်းဝင် ကားတစ်စီးဖြစ်တယ်လို့ လေလံတင်ပွဲကြော်ငြာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

ဒီကားကိုတော့ လေလံပွဲမှာ စီးပွားရေးသမားတွေအပါအဝင် နှစ်သက်သဘောကျသူတွေက လေလံစျေးအမျိုးမျိုးပေးပြီး ၀ယ်ယူကြတော့မှာဖြစ်ပါတယ်။ 

Source : CNBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။