စွန်ပစ်ပစ္စည်းဆိုတာ မလိုတော့လို့ အသုံးမဝင်တော့လို့လွင့်ပစ်လိုက်ကြပါတယ်။ တကယ်တော့ အဲလိုစွန်ပစ် လိုက်တဲ့ ပစ္စည်းအသုံးဝင်နေလာ၊ အသုံးမဝင်ဘူးလားဆိုတာ သိလို့တော့ မဟုတ်ပါဘူး။ ဒီအတိုင်းသူများ တွေပစ်ကြတော့ ကိုလည်းပစ်လိုက်တာပါပဲ။ စွန်ပစ်ပစ္စည်းတွေက ကျန်းမာရေးအတွက်ကောင်းကျိုးတွေ ပေးနေတယ်ဆိုတာ သိကြပါသလား။ အံသြစရာကောင်းလှအောင် လွင့်ပစ်လိုက်တဲ့ ပစ္စည်းတွေထဲမှာ ဘယ်လိုပစ္စည်းတွေကပါဝင်နေသလဲ ဆိုတာတင်ပြပေးမှာဖြစ်ပါတယ်နော်။ နေ့စဉ်စားသုံးနေတဲ့ ဟင်းချက်ရ တွင်မပါမဖြစ် ကြက်သွန်နီ ပါ ကြက်သွန်နီရဲ့အခွံကတော့ သွေးတိုးကျခြင်း၊ သွေးခဲမှုကို ကာကွယ်နိုင်ခြင်း တို့အတွက် အထောက်ကူပြုနေပါတယ်နော်။

ကြက်သွန်နီအခွံထဲမှာ ပါဝင်တဲ့ဓာတ်တွေဟာ အစားအသောက်ဓာတ်မတည့်မှုတွေကို ကာကွယ်ပေးပါတယ် ရောင်းရမ်းမှု ၊ အဖျားရောဂါခံစားရသူတွေအတွက် ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ ကြက်သွန်နီရဲ့မာမာ တောင့်တောင့်ဖြစ်နေတဲ့ ပထမအခွံ ကိုတော့ လွင့်ပစ်ရပါမယ်နော်။ ကြက်သွန်နီအခွံထည့်ချက်ပြီး နောက် စားခါနီးမှ အခွံကိုခွာပစ်လည်းရပါတယ်။ ဟင်းတိုင်းတွင် ကြက်သွန်နီထည့်ချက်ပါက ကင်ဆာဖြစ်ပွားစေ မှုကိုလျော့ကျစေပါတယ်။

နောက်တစ်မျိုးကတော့ ဖရဲသီးအခွံပဲဖြစ်ပါတယ်။ ဖရဲသီးအခွံအစိမ်းရောင်ဟာ သွေးကြောကျယ်စေပြီး သွေးလည်ပတ်မှု ကိုအားကောင်းစေပါတယ်။

အိမ်ထောင်ရေးသုခပြည့်စုံစေပြီး အမျိုးသမီးတွေအနေနဲ့ သွေးအားနည်းခြင်း၊ ဓမ္မတာမမှန်ခြင်းတို့ဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးပါတယ်။

ပန်းဂေါ်ဖီစိမ်းကတော့ သူရဲ့ အရွက်တွေမှာဗီတာမင် အေ၊ ဗီတာမင်စီ ပါဝင်နေပါတယ်။ ချက်ပြုတ်စားလျင် လည်း ပါဝင်ထည့်စာနိုင်ပါတယ်။

ပြီးတော့ မုန်ညင်းရွက် မှာပရိုတိန်းတွေပါဝင်ခြင်းကြေင့် ထည့်စားသုံးနိုင်ပါ တယ်နော်။ မုန်ညင်းရွက်ရဲ့ အရိုးများတွင် အမိုင်နိုအက်စစ်၊ အဆိပ်ပြေစေနိုင်ပြီး မုန်ညင်းချက်ရာတွင် ထည့် ချက်စားနိုင်တဲ့ စွန်ပစ်ပစ္စည်းဖြစ်ပါတယ်။

လိမ္မော်သီးခွံမှာတော့ အဆိပ်ပြေစေတဲ့ ဖိုက်ဘာဓာတ်ကြွယ်ဝစွာ ပါရှိပြီး ရင်ပူခြင်း၊ အစာမကြေခြင်းတို့ကို လျော့ကျစေပါတယ်။ ဗီတာမင်စီ ပါဝင်ခြင်းကြေင့်ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ကူးစက်ရောဂါတွေကို ကာကွယ်ပေးပါတယ်။ လိမ္မော်သီး ခွံကတော့ ဘက်တီးရီးယားတွေကို သန့်ရှင်းပေးတဲ့ စွှန်ပစ်ပစ္စည်းဖြစ် နေပါတယ်နော်။ လိမ္မော်သီးခွံကို သွားများဖြူဖွေးစေဖို့ အသုံးဝင်ပါတယ်။ လိမ္မော်သီးခွံစားပေးပါက ဆာလောင်မှုကိုလျော့ ချစေနိုင်ပါတယ် နော်။ အားလုံးပဲ စွန်ပစ်ပစ္စည်းတွေကို ဘယ် လိုသုံးရတယ်ဆိုတာ သိပြီးမို့နှုတ်ဆက်ပါတယ်။ ကျန်းမာကြ ပါစေ။

Source : pauk pauk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။