နှုတ်ခမ်းနီမလေးတွေအသဲစွဲဖြစ်တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ အနုပညာသက်တမ်းဆယ်စုနှစ်ကျော်ကြာ ရပ်တည်နေတဲ့ ဆယ်လီတစ်ဦးဖြစ်ပါတယ်။

ဆယ်ကျော်သက်လူငယ်ဘဝထဲက လက်ရှိအချိန်ထိ ပရိသတ်အခိုင်အမာရရှိထားတဲ့ စိုင်းစိုင်း ဟာ ဟစ်ဟော့သီချင်းများစွာသီဆိုရင်း အောင်မြင်နေသူဖြစ်ပါတယ်။

လက်ရှိမှာတော့ စိုင်းစိုင်း တစ်ယောက် သူ့ရဲ့ ညီအစ်ကိုရင်းလို ခင်ရတဲ့ အဆိုတော်ဘန်နီဖြိုး တို့နဲ့အတူ မြိတ်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ စိုင်းစိုင်းဟာ မနေ့ညက သူ့ရဲ့ ဖေ့ဘုတ်အကောင့်ကနေ ဗီဒီယိုအပိုင်းစလေးတစ်ခု တင်ပေးခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုလေးမှာတော့ စိုင်းစိုင်းက ဘန်နီဖြိုးကို မြိတ်(ဘိတ်) စကားနဲ့ ပြောရင်း နောက်ပြောင်နေတာကိုတွေ့မြင်ရပါတယ်။ ဘိတ်စကားလည်း ပြောတတ်ပြန်တဲ့ စိုင်းစိုင်းရဲ့ Skill တွေကိုတော့ ပရိသတ်တွေ အချစ်ပိုနေကြပြီး ကြည့်ရှုသူပရိသတ်နဲ့ မှတ်ချက်ပေးသူများစွာ ရှိနေတာဖြစ်ပါတယ်။

ရောမရောက်ရင် ရောမလိုကျင့် ဆိုတဲ့အတိုင်း ရောက်ရာအရပ်မှာ အံဝင်ခွင်ကျဖြစ်အောင် သွားလာနေထိုင်တတ်တဲ့ စိုင်းစိုင်းရဲ့ လူမှုဆက်ဆံရေးနယ်ပယ်မှာ ကျွမ်းကျင်မှုကတော့ အားလုံးအမြင်မှာ ချီးကျုးစရာတစ်ခုဖြစ်နေပါတယ်။

ပရိသတ်တွေနဲ့ တရင်းတနှီးနေလေ့ရှိပြီး တစ်ခါတစ်လေမှာ သူ့ကို ဝေဖန်တဲ့သူတွေကိုတောင် ပြန်ပြီး အရွှန်းဖောက်ကာ စိတ်မဆိုးတတ်တဲ့ စိတ်ထားကြောင့်လည်း အနုပညာလောကမှာ ပရိသတ်အများဆုံးပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦးလို့ ဆိုနိုင်ပါတယ်။စိုင်းစိုင်းဟာ ဂီတလောကမှာသာမက သရုပ်ဆောင်ပိုင်းမှာပါ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦးပါပဲ။ ပရိသတ်ကြီးရေ စိုင်းစိုင်း ဘိတ်လို ပြောတာကို နားလည်ကြလား။ 

Source : Sai Sai fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။