ပြည်သူ့အချစ်တော် မင်းသမီးချောလေး ဖွေးဖွေးကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးတွေထဲက မင်းသမီးချောလေး တစ်လက်လည်း ဖြစ်ပါတယ်..။

ပရိသတ်တွေကတော့ များသောအားဖြင့် ဖွေးစိန်လေးလို့ ချစ်စနိုးခေါ်ကြတဲ့ ဖွေးစိန်လေးကတော့ ဆံပင်ပုံစံလေး ချိန်းလိုက်တာ တွေ့ရပါတယ်..။

သူမ ချိန်းလိုက်တဲ့ဆံပင် ပုံစံလေးနဲ့လည်း လိုက်ဖက်လွန်းပြီး အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်လို ချစ်စရာကောင်းနေတာ တွေ့ရပါတယ်..။

သူမနဲ့ လိုက်ဖက်တဲ့ ချစ်စရာကောင်းတဲ့ ဆံပင်ပုံစံလေး ညှပ်ပေးလိုက်သူကတော့ Bella ရဲ့ Brand Ambassador လေး မမဆူးပဲ ဖြစ်ပါတယ်..။

အမြဲချစ်စရာကောင်းနေတဲ့ ဖွေးစိန်လေးကတော့ အခုတစ်ခေါက်မှာလည်း ဆံပင်အတိုလေးနဲ့ ကလေးတစ်ယောက်လို ချစ်စရာကောင်းနေပါတော့တယ်..။

ဆံပင်ပုံစံချိန်းလိုက်တဲ့ အကြောင်းကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို အသိပေးမျှဝေလိုက်တာ ဖြစ်ပါတယ်..။

ဖွေးစိန်လေးကတော့ သူမရဲ့ အလှအပနဲ့ ပတ်သက်ပြီးတော့လည်း လှတာ မလှတာ ရုပ်ဆိုးတာ ရုပ်မဆိုးတာဟာ သူမအတွက် သိပ်အဆန်းကြီး မဟုတ်ကြောင်းကိုလည်း ပြောပြထားပါသေးတယ်..။

“လှသင့်တဲ့အချိန်လှမယ်.. ရုပ်ဆိုးချင်တဲ့ချိန်ရုပ်ဆိုးတယ်.. (၂)ခုလုံးတော့ ကျယ်မအတွက်သိပ်အဆန်းကြီးမဟုတ်ပါဘူးလေ..” ဆိုပြီးတော့လည်း ချစ်စဖွယ် ပြောထားတာ တွေ့ရပါတယ်..။

သူမရဲ့ အဲ့ဒီပို့စ်ရဲ့ အောက်မှာလည်း ပရိသတ်တွေကလည်း ဖွေးစိန်းလေးဟာ လှလှ မလှလှ ရုပ်ဆိုးဆိုး မဆိုးဆိုး အမြဲ ချစ်နေမယ့်အကြောင်းကိုလေးတွေကိုလည်း Comment များပေး ရေးသားထားကြတာ တွေ့ရပါတယ်..။


Source - ဖွေးဖွေး fb

Photo - မဆူး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။