လက်သည်း၊ ခြေသည်းတွေက သဘာဝအတိုင်း တောက်ပြောင်နေခြင်း မရှိဘဲ မမျှော်လင့်ထားတဲ့ ပြသနာတွေကို ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။ လက်သည်းတွေ ၀ါနေခြင်း၊ လက်သည်း မှိုစွဲခြင်း၊ လက်သည်းပဲ့နေခြင်းမျိုး တွေကို ဖြစ်တဲ့အခါ သဘာဝနည်းလမ်းများဖြင့် ဖြေရှင်းနိုင်ဖို့ လွယ်ကူလှတဲ့ အိမ်တွင်းကုထုံးနည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။ စမ်းကြည့်ကြဖို့လည်း မမေ့နဲ့နော်။ 

သံလွင်ဆီ

သံလွင်ဆီက ကျန်းမာရေးအတွက် များစွာ အထောက်အကူ ဖြစ်ပါတယ်။ သံလွင်ဆီက အစိုဓာတ်ကို ထိန်းပေးပြီး လက်သည်းကို ရေဓာတ်မခမ်းခြောက်အောင် လုပ်ဆောင်ပေးပြီး အရောင်တောက်ပ စေမှာဖြစ်ပါတယ်။

ထောပတ်သီး

ထောပတ်သီးဆီကို လက်သည်းပေါ်လိမ်းပေးမယ်ဆိုရင် လက်သည်းခြောက်သွေ့မှု ကင်းဝေးစေမှာ ဖြစ်ပါတယ်။ ဒ့ါအပြင် လက်သည်းကို ကျန်းမာစေပြီး အရောင်တောက်ပစေပါတယ်။

အုန်းဆီ

အုန်းဆီက သဘာဝအဆီတစ်မျိုးဖြစ်သလို ကူးစက်ပိုးတွေနဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်စွမ်း ရှိပါတယ်။ လက်သည်းတွေကို ပျော့ပျောင်းစေပြီး လက်ကို အစိုဓာတ်ထိန်းပေးတဲ့အပြင် လက်စွယ်မပဲ့အောင်လည်း ထိန်းသိမ်းပေးပါတယ်။

သံပုရာရည်

သံပုရာရည်က သဘာဝ အစွန်းချွတ်ဆေးတစ်မျိုးဖြစ်တာမို့ လက်သည်းပေါ်က အစွန်းအထင်းတွေကို ဖယ်ရှားပေးပြီး လက်သည်းကို တောက်ပနေစေမှာဖြစ်ပါတယ်။

မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆိုဒါကို ရေစွတ်ထားတဲ့ သွားပွတ်တံမှာတင်ပြီး လက်သည်းလးတွေကို တိုက်ပေးပါ။ လက်သည်းရှည်သူတွေအနေနဲ့လည်း လက်သည်းကို အောက်ဘက်ခြမ်းလေးထဲကို တိုက်ပေးပါ။ လက်သည်းပိုပြီး အရောင်တောက်ချင်တယ်ဆိုရင်တော့ မုန့်ဖုတ်ဆော်ဒါထဲကို သံပုရာရည် တစ်စက်နှစ်စက်လောက်ထည့်ပြီး လက်သည်းတွေကို သန့်ရှင်းပေးပါ။

ဖော်ပြပါ နည်းလမ်းလေးတွေက အိမ်မှာပဲ အလွယ်တကူ ပြုလုပ်နိုင်တာမို့ ဆိုင်သွားစရာမလို၊ ဓာတု ဆေးတွေ သုံးစရာ မလိုဘဲ လက်သည်းလေးတွေ လှပ တောက်ပြောင်နေမယ် ဆိုတာ အသေအချာပါပဲ။

အားလုံးပဲ လှသထက် လှနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေရှင်။

သတင်းအရင်းအမြစ် - Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။