ယောက်ျားလုရင်း ကျောင်းဆရာမနှစ်ဦး လုံးထွေးပြီး ခိုက်ရန်ဖြစ်ပွား

ယနေ့ ထိုင်းသတင်းမီဒီယာတွေမှာ နာမည်ကြီးနေတဲ့ သတင်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အမနကျလန်ပြည်နယ်မှာ ရှိတဲ့အထက်တန်းကျောင်းတစ်ကျောင်း က ဆရာမနှစ်ဦး ခိုက်ရန်ဖြစ်တာကြောင့် ဒဏ်ရာ အသီးသီးရသွားကြပြီး ရဲစခန်းမှာ ဖြေရှင်းရကြောင်း သိရပါတယ်။

ကျောင်းတစ်ကျောင်းထဲမှာ စာသင်ပြပေးနေတဲ့ ကျောင်းဆရာမနှစ်ဦးကို မယားကြီး မယားငယ် အဖြစ် ထားရှိကာ ပေါင်းသင်းနေတဲ့ အမျိုးသားတစ်ဦးကို လုကြရင်း ယောက်ျားဖြစ်သူ မယားကြီးရဲ ့ နေအိမ်မှာ ရှိနေချိန် မယားငယ်က အိမ်တွင်းဝင်ပြီး ရိုက်နှက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဆရာမနှစ်ယောက် ဟာလုံးထွေး ခိုက်ရန်ဖြစ်ပွားကြတာကြောင့် ဒဏ်ရာရကုန်ကြတာဖြစ်ပါတယ်။

မယားကြီးဟာဦးခေါင်းနဲ့ မျက်နှာမှာ ဒဏ်ရာတွေရပြီး ရဲစခန်းရောက်မှ နှစ်ဦးသား ကျေအေးသွားခဲ့ကြသဖြင့်

ထိုင်းသတင်းမှာ နိုင်ငံရဲ့စံပြကျောင်းဆရာမ နှစ်ဦး "လင်လုပွဲ" သတင်းအဖြစ် နာမည်ကြီး သွားခဲ့တာဖြစ်ပါတယ်။

ဒီကနေ ့မှာတော့ ဆရာမနှစ်ဦး စာသင်ပေးနေတဲ့ ကျောင်းက ကျောင်းသား (၄၀၀၀) ကျော်ဟာ ဆရာမ၂ဦးလင်လုပွဲသတင်းဟိုးလေးတကျော်ဖြစ်ရတဲ့ အတွက် ကျောင်းဂုဏ်သိက္ခာ ထိခိုက်ခဲ့တာကြောင့် ကျောင်းကောင်စီကနေ ဆရာမနှစ်ဦးကို အရေးယူပေး ဖို့ ဆန္ဒပြခဲ့ကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။