အင်ဒိုနီးရှားနိုင်ငံထဲမှာရှိတဲ့ Tana Toraja ဆိုတဲ့ရွာကလေးဟာ ထူးဆန်းတဲ့ ဓလေ့တွေနဲ့ ပြည့်နှက်နေတဲ့ ရွာကလေးလို့ပဲဆိုရမှာပါ။ ထိုရွာလေးဟာ ရှေးယခင်က ဘုရင်ရဲ့မင်းညီမင်းသားတွေ အုပ်ချုပ်တဲ့ လက်အောက်ခံနယ်မြေတစ်ခုဖြစ်ခဲ့ပါတယ်။ ထိုရွာလေးမှာ ရှေးယခင်ကတည်းက တည်ရှိခဲ့တဲ့ အယူအဆတွေဟာ ယနေ့အချိန်အထိ မပျောက်ပျက်သေးပဲ ဆက်လက်ကျင့်သုံးနေဆဲဖြစ်ပါတယ်။ဘယ်လိုထူးဆန်တဲ့ အယူအဆတွေလဲဆိုတာ ယခုတစ်ပတ်မှာတော့ ပရိသတ်ကြီးအတွက် ထူးဆန်းအံ့သြဖွယ်ရာ အဖြစ်တင်ပြပေးလိုက်ပါတယ်နော်။ 

Tana Toraja ဆိုတဲ့ ရွာကလေးဟာ အင်ဒိုနီးရှားနိုင်ငံတောင်ပိုင်း ဆူလာဝေစီဒေသမှာ တည်ရှိတာဖြစ်ပြီး နေထိုင်သူအများစုဟာ ဘိုးဘေးတို့ရဲ့လမ်းစဉ်အတိုင်း နတ်ကိုးကွယ်ကြသူတွေပါ။ ထိုဒေသရဲ့ ထူးဆန်းတဲ့ အယူအဆကတော့ ကလေးငယ်တွေ သေဆုံးတဲ့အခါ အဝတ်ဖြူနဲ့ပတ်ပြီး အလွန်ကြီးမားတဲ့ သစ်ပင်တွေကို အခေါင်း အပေါက်ဖြစ်အောင်ပြုလုပ်ကာ ထိုနေရာတွင် မြုပ်နှံကြပါတယ်။ ယခုလို မြုပ်နှံရခြင်းအကြောင်းကတော့ ကလေးငယ်လေးတွေရဲ့ ဝိညာဉ်တွေဟာ သဘာဝသစ်ပင်တွေပေါ်မှီခိုပြီး လေနဲ့အတူအဝေးသို့ လွတ်လပ်စွာ ရောက်ရှိသွားစေရန်အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ 

တည်နေရာကတော့ Makassar မြို့ရဲ့ မြောက်ပိုင်း ၁၈၆ မိုင်အကွာ ဆူလာဝါဆီ ရဲ့ တောင်ဘက်မှာ ရှိတဲ့ တောအုပ်တွေ ထဲက သစ်ပင် ကြီးတွေမှာ ကလေးငယ် လေးတွေရဲ့

ရုပ် အလောင်းတွေရှိပါတယ်။ ထိုဒေသရှိအဆောက်အအုံတွေဟာလည်း ထူးဆန်းတဲ့ ပုံသဏ္ဍာန်တွေနဲ့ တည်ဆောက်ထားတာကို တွေ့ရှိရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ထိုရွာလေးမှာ သေဆုံးသွားတဲ့ ဘိုးဘေးတွေရဲ့ ပြန်လည်တူးဖော်ကာ အဝတ်အစားဝတ်ပေးပြီး အစားအသောက်ကျွေးမွေးတဲ့ ပွဲတော်တွေကိုနှစ်စဉ် ကျင်းပလျှက်ရှိပါတယ်။ 

Source : သံဇဉ်မိုးဇက် (Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။