ငပလီကမ်းခြေမှာ အလန်းစားဓာတ်ပုံတွေရိုက်ပြီး ရန်ကုန်ပြန်လာတော့မယ့်သူကတော့ ချီချီလို့ ချစ်စနိုးခေါ်တက်တဲ့ နေခြည်ဦးလေးပဲ ဖြစ်ပါတယ်။ လှပတဲ့ပင်လယ်ကြီးနောက်ခံတာ ကမ်းခြေမှာ Sexy ကျကာ အထာကျလွန်းတဲ့ ပုံရိပ်တစ်ချို့ကို LUSH Magazine Myanmar ရဲ့ Cover အတွက် ရိုက်ကူးပေးခဲ့ပါတယ်။

ဒီနေ့တော့ ရန်ကုန်ပြန်မှာမို့ သူမတစ်ယောက်ပျော်ရွင်ကာတက်ကြွကာ ဒီလိုချစ်စရာ ကောင်းတဲ့ ပုံလေးတွေကိုရိုက်ကူးခဲ့ပါတယ်။

ငပလီရဲ့လှပရဲ့ညနေခင်းတစ်ခုမှာတော့ ချီချီတစ်ယောက်တော့ ဒီဇိုင်းအသစ်တွေနဲ့ အပြတ်လန်းနေလို့နေပါတယ်။ Beauty Blogger တစ်ယောက်ပီပီ နေရာတိုင်းမှာ လှပနေတာတော့ လက်တွေ့ပါပဲ။

လတ်တလောမှာတော့ MRTV – 4 ရဲ့လူကြိုက်များတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Make me beautiful ဆိုတဲ့ မိတ်ကပ်ပြိုင်ပွဲတစ်ခုမှတော့ သူမက အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ဆောင် ရွက်ခဲ့ပါတယ်။ ဒါပေမယ့် သူမက အကဲဖြတ်ပေးနေစဉ်မှာ ရယ်မောခဲ့တဲ့အတွက် ဝေဖန်မှုများရှိသလို အချက်အလက်နဲ့သေချာထောက်ပြ နိုင်တဲ့သူမကို ချီးမွမ်းသူများလည်း ရှိခဲ့ပါတယ်။

Beauty Blogger တစ်ယောက်အပြင် သရုပ်ဆောင်ဘက်နှင့် မော်ဒယ်ဘက်တွင်လည်း ခပ်စိပ်စိပ်မြင်တွေ့လာရတာကြောင့် ချီချီကိုချစ်တဲ့ ပရိသတ်တွေကတော့ ကျေနပ်ပျော် ရွှင်လို့နေပါတယ်။  ဒါကတော့နေခြည်ဦးဆိုတဲ့ သူမလေးရဲ့ လတ်တလောလှုပ် ရှားမှုတွေပါ။

Source – Nay Chi Oo FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။