ယခုနှစ်အတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက် ပွဲအတွက် အသုံးစရိတ် ကျပ်သန်း ၁,၆၀၀ ကျော်သုံးစွဲရန် လျာထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်က ပြောကြားခဲ့ပါတယ်။ ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် ၂၀၁၈ ဧပြီမှ စက်တင် ဘာအထိ ခြောက်လအတွက် ရငွေ၊ သုံးငွေစာရင်းများနှင့် ပတ် သက်၍ ရှင်းလင်းစဉ် ၎င်းက ပြောကြားခြင်းဖြစ်ပါတယ်။

ဘဏ္ဍာရေးနှစ် ပြောင်းလဲ ရေးကာလဖြစ်သည့် အဆိုပါ ခြောက်လအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စုစုပေါင်းအသုံးစရိတ် ကျပ်သန်း ၄,၅၀၀ ခန့် သုံးစွဲရန် လျာထားပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး နှင့် တိုင်းဒေသကြီး ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ၊ ခရိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး များအတွက် သာမန်အသုံးစရိတ် ကျပ်သန်း ၂,၈၀၀ ကျော်သုံးစွဲရန် လျာထားကြောင်း သိရပါတယ်။ လက်ရှိတွင် လွှတ်တော် အသီးသီးမှ လစ်လပ်နေသည့် မဲဆန္ဒ နယ် ရှစ်ခုရှိပြီး ကြားဖြတ်ရွေး ကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအ ဝေး၌ ပြောကြားခဲ့ပါတယ်။

လစ်လပ်နေသည့် မဲဆန္ဒနယ်များသည် ပြည်သူ့လွှတ်တော်တွင် ချင်းပြည်နယ် ကန်ပက်လက်မဲဆန္ဒနယ်နှင့် ရှမ်းပြည်နယ်လဲချားမဲဆန္ဒနယ်တို့ ဖြစ်သည်။ တိုင်းဒေ သကြီးနှင့် ပြည်နယ်လွှတ်တော် များအနက် ချင်းပြည်နယ်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တစ်နေရာစီလစ်လပ်နေကြောင်းသိရပါတယ်။

Source - 7 day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။