CES 2018 ပွဲမှာ ပြသခဲ့တဲ့ ဒရုန်းများထဲမှာအရွယ်အစားအလွန် သေးငယ်ပြီး ထူးခြားတဲ့ ဒရုန်းကတော့ AEE Selfly Drone ဖြစ်ပါတယ်။ သူ့ကိုဒရုန်းလိုအသုံးပြု၍ Group Selfieများရိုက်ကူးနိုင်သလိုဓါတ်ပုံ မရိုက်တဲ့ အချိန်မှာ Phone Case အဖြစ် အသုံးပြုနိုင်ပါတယ်။

သူ့ကို ၄ လက်မကနေ ၆ လက်မအရွယ် စမတ်ဖုန်းအားလုံးနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။

iPhone နဲ့ Android Phone အားလုံးကိုထောက်ပံ့ ပါတယ်။ iPhone 6,7,8 နဲ့ Plus Model များ၊ Samsung Galaxy 8 နဲ့ Galaxy S8 Plus များ အပါအဝင် ဖုန်းများစွာမှာတပ်ဆင်နိုင်ပါတယ်။ ပလတ်စတစ် မော်ဒယ်အပြင် သတ္တု မော်ဒယ်ကိုလည်းထုတ်လုပ်ပေး ထားပါတယ်။ သူ့မှာ 13MP Camera တစ်လုံးတပ်ဆင်ထားပြီး Full HD Video များအပြင် ရုပ်သေဓါတ်ပုံများကိုရိုက်ကူးပေးနိုင်ပါတယ်။ တစ်ခါ အားသွင်း ထားရင် ၄ မိနစ် ပျံသန်းနိုင်ပြီး ၄၅ ပေ အကွာအဝေးအထိ ခရီးရောက်ပါ တယ်။

သူဟာဉာဏ်ရည်မြင့်စွာဖြင့် လူများကိုအာရုံခံ၍ အလိုအလျောက် ဓါတ်ပုံ ရိုက်ကူးပေးနိုင်ခြင်းတော့ မရှိပါဘူး။ Smartphone App ကနေသူ့ကို ထိန်းချုပ်ပျံသန်းရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကိုတည်နေရာတစ်ခုမှာ ရပ်နားထားနိုင်တဲ့အတွက် ဓါတ်ပုံရိုက်ကူးရာမှာအဆင်ပြေစေပါတယ်။ ဒေါ်လာ ၁၃၀ ဖြင့် ဧပြီလမတိုင်ခင်မှာရောင်းချမှာပဲဖြစ်ပါတယ်။

Source : Mobile Guide ( Facebook) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။