ရန်ကုန်မြို့တွင်း ခရီးသည် တင်ယာဉ်များတွင် AnyPay ကတ်ဖြင့် ယာဉ်စီးခငွေ ပေးချေသည့်စနစ် ကို ရပ်နားမည်ဖြစ်ပြီး ခရီးသည် များ ဝယ်ယူထည့်သွင်း ထားတဲ့ ယာဉ်စီးခငွေများကို ပြန်လည် ထုတ်ပေးမယ်လို့ AnyPay Pay-ment ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ AnyPay က လုပ်ငန်းကို ရပ်ဆိုင်း ရန်ပြင်ဆင်နေရတဲ့ အကြောင်းအရင်းကတော့ ငွေပေးချေ ရေးကတ်စနစ်သုံး အကောင် အထည်ဖော်မယ့် ကုမ္ပဏီကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက တင်ဒါခေါ်ယူ ရွေးချယ်ထားပြီးဖြစ်ကာ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီကို ၎င်းကတ်စနစ် ဆက်လက် လုပ်ဆောင်ခွင့်ပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။

သက်ဆိုင်ရာကတော့ ညွှန် ကြားတာမရှိသေးဘူး။ ကျွန်တော် တို့ကတ်တွေကို အသုံးပြုခဲ့တဲ့ ခရီးသည်တွေ အဆင်ပြေအောင် စီစဉ်ပေးဖို့ ပြင်ဆင်နေတာဖြစ်ပါ တယ်။ ခရီးသည်တွေအနေနဲ့ ကတ်ထဲမှာရှိတဲ့ ပိုက်ဆံကို စစ် ဆေးပြီး ပြန်ထုတ်ချင်ရင် ထုတ် နိုင်အောင် မကြာခင် ဆောင်ရွက် ပေးမှာပါ။ အဲဒီအတွက်လည်း ညှိ နှိုင်းမှုတွေ လုပ်နေပါတယ်’’ဟု အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ လက်ရှိအသုံးနေတဲ့ AnyPay ကတ်ဖြင့်ယာဉ် စီးခပေးချေခြင်းကို ဖေဖော်ဝါရီ လကုန်အထိပဲ ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပြီး ကတ် အတွင်း ထည့်သွင်းထားသောငွေ ပြန်ထုတ်ယူနိုင်မယ့် အချိန်ကို အသေးစိတ် သတင်းထုတ်ပြန်သွားမယ်လို့ သိရပါတယ်။  

AnyPay Payment ကုမ္ပဏီဟာ အဆိုပါကတ်စနစ်ကို BRT ယာဉ်များစတင်ပြေးဆွဲတဲ့ ၂၀၁၆ ကတည်းက အသုံးပြု ခဲ့တာဖြစ်ပြီး ကတ်နှစ်သောင်းခန့်ကို ခရီးသည် များအား အခမဲ့ဝေငှခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီနောက် မှာတော့ AnyPay ကတ် ကို ယာဉ်စီးခထည့်သွင်း ငွေကျပ် တစ်ထောင်အပါအဝင် တစ်ကတ် လျှင် နှစ်ထောင့် လေးရာကျပ်ဖြင့် ရောင်းချခဲ့တာ ပဲဖြစ်ပါတယ်။ လက်ရှိတွင် AnyPay ကတ် ဖြင့် ယာဉ်စီးခပေးချေမှုကို YBS (၃၇) ယာဉ်လိုင်းနှင့် Water Bus တို့တွင်သုံးစွဲနေတယ်လို့ သိရပါတယ်။ 

AnyPay ကတ်စတင်အသုံး ပြုခဲ့တဲ့ ၂၀၁၆ မှစတင်ကာ ယခုအချိန်အထိ ကတ်အသုံးပြုနေတဲ့ ခရီးသည် ပေါင်း ခုနစ်သောင်းကျော် ရှိလာခဲ့ပြီလို့ AnyPay Payment ကုမ္ပဏီ၏ စာရင်းများတွင် ဖော်ပြထား တာပဲဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရဟာ YBS နှင့် Water Bus တွင် ယာဉ်စီးခငွေ ပေးချေရေး ကတ်စနစ်လုပ်ကိုင်ရန် Excel KC Myanmar ကုမ္ပဏီကို ဇန်နဝါရီ ၁၀ ရက်က ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ ငွေပေးချေရေးကတ်စနစ် လုပ်ဆောင်ရန် တင်ဒါနောက်ဆုံး အဆင့် ယှဉ်ပြိုင်ခွင့်ရတဲ့ ကုမ္ပဏီသုံးခုတွင် AnyPay Pay-ment ကုမ္ပဏီလည်း ပြန်လည်ပါဝင်ခဲ့တယ်လို့ သိရပါတယ်။တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီအနေနဲ့ ယာဉ်လိုင်း အားလုံးတွင် ငွေပေး ကတ်စနစ် ကျင့်သုံးနိုင်ရန် ဆောင်ရွက်ရမှာ ဖြစ်ပေမယ့် စတင်အကောင်အထည်ဖော်မယ့် ရက်ကိုတော့ ထုတ် ပြန်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - မိုးမင်း(7 Day)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။