အသက် (၃၀)ကျော်လာတာနဲ့အမျှ ဗိုက်ကြီးတွေပူထွက်လာတတ်ပါတယ်။ တစ်ချို့ကတော့ Gym ကစားကြပြီး တစ်ချို့ကတော့ အမှုမဲ့အမှတ်မဲ့ပါပဲ ။ ခုပြောပြမဲ့ဘသာဝနည်းလမ်းလေးကတော့ လူတိုင်းလုပ်ကြည့်လို့ လွယ်ကူ တဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်။ သရင်းကြီးမြစ်ကို သိကြပါသလား၊ သက်ရင်းကြီးမြစ်ကို လေးလက်မလောက် ပိုင်ဖြတ်ကာ ရေစင်အောင်ဆေးပေးပါနော်။ အမြစ်မှာကပ်တွယ်နေတဲ့ ဘက်တီးရီးယားတွေ မရှိစေဖို့ဖြစ်ပါတယ်။ ပြီးတော့ သက်ရင်းကြီးမြစ်ကို ထမင်းပေါင်းအိုးထဲ ထည့်ပြီး (၃) နာရီကြာပေါင်းပေးပါနော်။ ပြီးမှ နေလှန်းပေးပါ။ ပြီးတော့ ဆေးသွေးကျောက်ပျဉ်မှာ သွေးပြီးသောက်ပေးရပါမယ်။ (၁၀) ရက်လောက်သောက်ကြည့်ပေးပါ ဗိုက်ကြီးပူူတာ ကျသွားပါလိမ့်မယ်။ ဗိုက်ပဲကျမှာဖြစ်ပါတယ်။ လူတော့ပိန်မသွားပါဘူးနော်။

မနက်အိပ်ရာထတာနဲ့ ဘာမှမစားမှီ ပေါင်းထားတဲ့ သက်ရင်းကြီးမြစ်ကိုသွေးပြီး စတီးဇွန်း တစ်ဇွန်းစာသက်ရင်း ကြီးမြစ်အရည်ထဲမှာ ဆားအနည်းငယ်ထည့်သောက်ရပါမယ်။ဝမ်းသွားလွယ်တဲ့သူဆိုရင် လျော့သောက်ပေးပါ။ ဝမ်းချုပ်သူဆိုရင် နည်းနည်းပိုသောက်ပါ။ ဟင်းစားစတီးဇွန်းဖြစ်ပါတယ်နော်။ နာရီဝက် (သို့မဟုတ်) ၄၅ မိန်စ်လောက်ကြာတဲ့အခါ ဝမ်းသွားပါလိမ့်မယ်။ ပထမအကြိမ်ဝမ်းသွားပြီးမှ နံနက်စားကိုစားရပါမယ်။ နောက်ထပ် ဝမ်းသွားပါလိမ့်မယ်။ ဝမ်းသွားခြင်းက အစာဟောင်းတွေကို် ထုတ်ပစ်တာဖြစ်ပါတယ်။ ဒုတိယ တစ်ခေါက်သွားတဲ့ ဝမ်းသွားခြင်းက အနံ့ကဆိုးပါလိမ့်မယ်။ ဆီများပါသကဲ့သို့ ခံစားရပါလိမ့်မယ်။ ဝမ်းသွားခြင်း ကို ကြောက်စရာမလိုပါ။ ဆေးများများမသောက်မိပါစေနဲ့ ၊ အော့အန်ချင်သလိုဖြစ်ပါလိမ့်မယ်။

ဒီလိုသောက်ပေးခြင်းအားဖြင့် ခန္ဓာကို်ယ်အတွင်းမှာရှိတဲ့အဆီပိုတွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။ အပူအပုတ် တွေကင်းစင်ပြီး ပေါ့ပါးသွားပါလိမ့်မယ်။ အမြင်အာရုံကောင်းလာပါမယ်။ကိုက်ခဲခြင်း၊ ထုံခြင်းတို့ကို သက်သာ သွားစေပါတယ်။လေနဲ့ပတ်သက်တဲ့ ဝေဒနာတွေကင်းဝေသွားပါတယ်။ သွေးသားကြေလင်လာပါလိမ့်မယ။ ဆီးချိုဝေဒနာပျေက်ကင်းခြင်း၊ တို့ကိုခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဘေးမဖြစ်စေတဲ့ သက်ရင်းကြီးမြစ်ကို ပေါင်းပြီးသောက်ကြည့်ပေးနော်။ ဗိုက်ခေါက်တွေပျေက်ပြီး ချပ်ရပ်လှပစေပါလိမ့်မယ်။ အားလုံးကျန်းမာလှပ ပျော်ရွင်ကြပါစေ။

Source : ဦးလှစိန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။