ဇန်နဝါရီလ ၁၆ ရက်နေ့ မနက် ၉ နာရီခွဲအချိန် မင်းတပ်မြို့တွင် ခရိုင်စီမံကိန်းဦးစီးမှူး မောင်းနှင်လာတဲ့ယာဉ် တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါ တိမ်းမှောင်ခဲ့တဲ့ ယာဉ်ဟာ မင်းတပ်ခရိုင် စီမံကိန်း ဦးစီးမှူး ဦးထန်တလုံး မောင်းနှင်လာတဲ့ကား ဖြစ်တယ်လို့ မြို့နယ်ရဲစခန်းမှ အရာရှိတစ်ဦး ကပြောပါတယ်။ အဆိုပါ တိမ်းမှောက်မှု ဖြစ်စဉ်ကြောင့် ခရိုင်စီမံကိန်းဦးစီးမှူး ဦးထန်တလုံးဟာ ကွယ်လွန်သွားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ကသတင်းထုတ်ုပြန်ထားတာပဲဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်မှာ မင်းတပ်မြို့ ကျောက်ထု – မင်းတပ် ကားလမ်း မိုင်တိုင် (၉၁/ ၂) အရောက်တွင် မင်းတပ် ခရိုင်စီမံကန်းဦးစီးမှူး ဦးထန်တလုံး ( ၄၉ နှစ်) မောင်းနှင်လာတဲ့ 1C/××××Toyota Corolla ယာဉ်ဟာ လမ်းဝဲ ဘက်ခြမ်းရှိ ကျောက်တိုင်ကို ဝင်တိုက်မိခဲ့တာ ပဲဖြစ်ပါတယ်။၎င်းကျောက်တိုင်အား ဝင်တိုက်မိခဲ့တဲ့အရှိန်ကြောင့် ပေ ၈၀၀ ခန့်အနက်ရှိတဲ့ ချောက်ထဲကို ထိုးကျတိမ်းမှောက်သွားခဲ့တာပဲဖြစ်ပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ဦးစီးမှူး ဦးထန်တလုံး ဟာ ယာမျက်ခုံး/ နှုတ်ခမ်း ပေါက်ပြဲ၊ ကျောကုန်းပွန်းပဲ့၊ ဝဲဒူးဆစ်ကျိုးဒဏ်ရာတွေရရှိပြီး အခင်း ဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ 

ဦးထန်တလုံးမောင်းနှင်ခဲ့တဲ့ 1C/××××Toyota Corolla ယာဉ်ဟာလည်း တစ်စီးလုံးနီးပါး လုံးဝပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဖြစ်စဉ်နဲ့ပတ်သတ်ပြီး ယာဉ်(ပ)၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က(ပေါ့ လျော့မှုကြောင့် လူသေမှု)နဲ့ မင်းတပ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောထား ပါတယ်။ 

သတင်းအရင်းအမြစ် - PN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။