သာကေတတွင် (၁၁)နှစ်အရွယ် မိန်းကလေးကို အသက်(၆၀)ကျော် အမျိုးသားက အိမ်ပေါ်တက် အဓမ္မပြုကျင့်မှုဖြစ်

သာကေတတွင် (၁၁)နှစ်အရွယ် မိန်းကလေးကို အသက်(၆၀)ကျော် အမျိုးသားက အိမ်ပေါ်တက် အဓမ္မပြုကျင့်မှုဖြစ်

သာကေတတွင် အသက ၆၀ ကျော်အမျိုးသားက နေအိမ်ပေါ် တက်၍ ဓားထောက်ပြီး အဓမ္မပြု ကျင့်မှုဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

အဓမ္မပြုကျင့်ခဲ့သူ အသက် (၆၈)နှစ်အရွယ် ဦးတင်လှသည် နိုဝင်ဘာ ၂၇ ရက် နေ့လယ်က ကျောင်းသူမိန်းကလေး၏ မိဘ များမရှိခိုက် နေအိမ်ပေါ်သို့ တက် လာပြီး ဓားထောက်ကာ အဓမ္မပြု ကျင့်ခဲ့ကြောင်း သာကေတရဲ စခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။

‘‘ကလေးနေတဲ့ အိမ်နဲ့ မုဒိမ်း မှုကျူးလွန်တဲ့သူနေတဲ့ အိမ်က သိပ်မဝေးဘူး။ ကလေးမိဘတွေ အပြင်သွားနေတုန်း အိမ်ပေါ် တက်လာပြီး ဓားထောက်တယ်။ အော်ရင် သတ်ပစ်မယ် ခြိမ်း ခြောက်ပြီး အဓမ္မကျူးလွန်တာလို့ ကနဦးစစ်ဆေးချက်အရ သိရပါ တယ်’’ဟု ၎င်းရဲအရာရှိက ပြော သည်။

အဓမ္မပြုကျင့်သူသည် ကျောင်းသူကို ဓားထောက်ပြီး ‘‘နင် အော်ရင် နင့်မိဘတွေကို လည်း သတ်မယ်။ နင့်ကိုလည်း သတ်မယ်’’ဟု ပြောဆိုကာ ပါးစပ် အတွင်းသို့ ဆေးပြားအဝါရောင် တစ်ပြား တိုက်ခဲ့ပြီး ကလေးငယ်မှာ သတိမေ့သွားခဲ့့ကာ သတိပြန်ရချိန်တွင် ကိုယ်ပေါ်၌ အဝတ်အစားမရှိတော့ဟု ထွက်ဆိုခဲ့ကြောင်း ရဲအရာရှိတစ်ဦးကပြောသည်။

‘‘ကလေးကို စဖြစ်ဖြစ်ချင်း နေ့ကတော့ ဘယ်သူမှမသိသေး ဘူး။ ၂၉ ရက်နေ့ရောက်တော့ အ မေက ကျောင်းလိုက်ပို့တယ်။ ကျောင်းပို့ပြီး အမျိုးတွေအိမ်သွား မလို့လုပ်တုန်း ကလေးကို ကား မှတ်တိုင်မှာ သွားပြန်တွေ့တယ်။ ကလေးကို အိမ်ခေါ်ပြီး ချော့မေးမှ အဖြစ်မှန်ပေါ်လာတာပါ’’ဟု ၎င်း ရဲအရာရှိကပြောသည်။

နေအိမ်ပေါ်တက်ကာ ဓား ထောက်ခြိမ်းခြောက်၍ မုဒိမ်းမှု ကျူးလွန်သူကို သာကေတမြို့မရဲ စခန်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့်စစ်ဆေး နေကြောင်း သတင်းရရှိသည်။

Source: 7days Daily

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။