အမျိုးသမီးများ အနေနဲ့ ဒေါက်ဖိနပ်ကို Fashion တစ်ခု အနေနဲ့ စီးလာကြတာ ရာစုနှစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့် ဒေါက်ဖိနပ် စီးခြင်းက စတိုင်လ် တစ်ခုလို ဖြစ်နေတာကြောင့် ဒေါက်ဖိနပ်စီးခြင်းကို တားဖို့ကလည်း ခက်ခဲလှပါတယ်။ ဒါ့ကြောင့် ဒေါက်ဖိနပ်စီးခြင်းရဲ့ ဆိုးကျိုးများကို သိရှိပြီး ဒေါက်ဖိနပ်စီးခြင်းကို မစွန့်လွှတ်နိုင်ရန်တောင် အနည်းငယ် ရှောင်ကြဉ်ကြဖို့ အကြံပေးချင်ပါတယ်။ 

(၁) ဇက်ကြောတက်ခြင်း

ဘာမှ မဆိုင်ဘူး ထင်ရပေမယ့် ဒေါက်မြင့် ဖိနပ်ကို တစ်နေကုန် စီးတဲ့အခါ ခံစားရတဲ့ ဝေဒနာ တစ်ခုပဲ ဖြစ်ပါတယ်။ တစ်ကိုယ်လုံးရဲ့ အလေးချိန်ကို ခြေထောက်က ထိန်းညှိပေးထားတာမို့ အချိန်ကြာလာတဲ့အမျှ ဇက်ကြောက ပိုတက်နိုင်ပါတယ်။

(၂) ခြေထောက်ကို အချိုးမညီမမျှ ဖြစ်စေခြင်း

ခန္ဓာကိုယ်ရဲ့ အလေးချိန် တစ်ခုလုံကို ခြေဖျားက ထိန်းထားရတာမို့ ဒေါက်မြင့်ဖိနပ် စီးခြင်းက ခြေထောက်ရဲ့ အချိုး အညီမမျှခြင်း ဆိုးကျိုးကို ဖြစ်ပေါ်စေပါတယ်။  

(၃) ခြေကျင်းဝတ် အရိုးများ ငေါထွက်လာနိုင်ခြင်း

ဒေါက်မြင့် ဖိနပ် စီးပြီး သုံးလလောက် အကြာမှာ ခြေကျင်းဝတ် အရိုးဟာ ငေါထွက်လာနိုင်ပါတယ်။ ၁၀ စင်တီမီတာ အမြင့်ရှိတဲ့ ဒေါက်ဖိနပ် အမြင့်ကို တစ်ပတ်မှာ သုံးကြိမ်နှုန်း စီးခြင်းဖြင့် သုံးလကြာတဲ့ အချိန် ခြေကျင်းဝတ်မှာရှိတဲ့ ကြွက်သွားများ မာကျောလာပြီး အရိုးများ အနည်းငယ် ငေါထွက်လာတာကို တွေ့ရှိရပါလိမ့်မယ်။

(၄) ကျောရိုး နာကျင်ခြင်း

တစ်နေကုန် အချိန်ကြာမြင့်စွာ ဒေါက်မြင့်ဖိနပ်ကို စီးတဲ့အခါ ခန္ဓာကိုယ် အလေးချိန် မညီမျှမှု ဖြစ်တာကြောင့် ကျောရိုး နာကျင်တဲ့ ဝေဒနာကို ချက်ချင်း ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတာ အချိန်ကြာလာတာနဲ့ အမျှ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ 

ဖော်ပြပါ အချက်များကို သိရှိပြီ ဆိုရင်တော့ ဒေါက်မြင့်ဖိနပ်စီးခြင်းက စတိုင်လ်ကျ လှပတယ် ဆိုပေမယ့် ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ဆိုးကျိုးများ ရှိတာမို့ ဒေါက်မြင့်ဖိနပ်စီးခြင်းကို လျှော့ချဖို့ ထပ်မံ အကြံပေးချင်ပါတယ်။ မဖြစ်မနေ စီးရတဲ့ အခါ မျိုးမှာလည်း တစ်နေကုန်စီးခြင်းကို ရှောင်ကြဉ်ပြီး ခြေကျင်းဝတ်ကို နှိပ်ပေးခြင်း ၊ ခြေချောင်းလေးများကို နှိပ်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါတယ်။

ကျန်းမာရေးကို ထိခိုက်မှု မရှိစေဘဲ အားလုံးပဲ လှသထက် လှနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။