(၁) ဂျက်ဘီဇိုစ့် (Jaff Bezos)

ဂျက်ဘီဇို့စ်ဟာ Amazon ကုမ္ပဏီ ၊ ဝါရှင်တန်ပိုစ့် သတင်းစာနှင့် အာကာ သခရီးသွား လုပ်ငန်းတွေကို ပိုင်ဆိုင်ထားတဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ကမ္ဘာပေါ်မှာ ပထမဦးဆုံး ထရီလီယျံနာ တစ်ယောက်ဖြစ်ဖို့ရေပန်းစားနေတဲ့သူလည်း ဖြစ်ပါတယ်။ ဂျက်ရဲ့ လက်တလောပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၁၀၄.၁ဘီလီယံအထိရှိပါတယ်။ 

(၂) ဘီလ်ဂိတ် (Bill Gates)

တစ်ချိန်က ကမ္ဘာ့ထိပ်တန်းသူဋ္ဌေးနေရာကို အချိန်တော်တော်ကြာ နေရာယူထားတဲ့ ဘီလ်ဂိတ်ဟာ လက်ရှိမှာ နံပါတ်(၁)နေရာမှာမရှိတော့ပေမယ့် ကမ္ဘာ့အချမ်းသာဆုံး ဒုတိယနေရာမှာ တည်ရှိနေပါသေးတယ်။ Microsoft ကို တည်ထောင်ခဲ့သူ ဘီလ်ဂိတ်ဟာ လက်ရှိမှာ ကုမ္ပဏီရဲ့ အကြံပေးနေရာကို တာဝန်ယူထားပြီး သူ့ရဲ့ ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၉၁.၈ဘီလီယံအထိရှိပါတယ်။  

(၃) ၀ါရင့်ဘန့်ဖတ် (Waren Buffet)

ဈေးကွက်ရဲ့ ကဝေတစ်ဆူလို့တောင် တင်စားခေါ်ဝေါ်ရတဲ့ ၀ါရင့်ဘန့်ဖတ်ဟာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာ တတိယနေရာကိုရရှိထားသူလည်း ဖြစ်ပါတယ်။ ‘Berkshire Hathaway’ လုပ်ငန်းစုရဲ့ CEO ဖြစ်တဲ့ ဝါရင့်ဘန့်ဖတ် (Warren Buffett) ရဲ့ အသားတင်ကြွယ်ဝမှုကတော့ ဒေါ်လာ ၈၇.၆ ဘီလီယံဖြစ်ပါတယ်။ 

(၄) မက်ဇူကာဘတ် (Mark Zuckerberg)

တစ်ကမ္ဘာလုံးနီးပါး သုံးစွဲနေတဲ့ Facebookတည်ထောင်သူ မက်ဇူကာဘက်ကတော့ စတုတ္ထနေရာကို တက်လှမ်းလာခဲ့ပါတယ်။ သူဟာ ‘Facebook’ ကို ၂ဝဝ၄ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့မှာ တည်ထောင်ခဲ့ပြီး သူ မသေခင် ကြွယ်ဝမှု (၉၉) ရာခိုင်နှုန်းကို ပရဟိတလုပ်ငန်းတွေမှာ လှူဒါန်းမယ်လို့ ပြောဆိုထားပါတယ်။ ကမ္ဘာ့ကျော် လူမှုကွန်ရက် ‘Facebook’ မှာ CEO အဖြစ် တာဝန်ယူနေတဲ့ မက်ဇူကာဘတ် (Mark Zuckerberg) ဟာ (၃၃) နှစ်သာရှိသေးပြီး သူ့ရဲ့ကြွယ်ဝမှုဟာ ၇၅.၃ ဘီလီယံ ရှိလာပါတယ်။ 

(၅) အမန်စီယို အိုတီဂါ (Amancio Ortega)

စပိန်သူဌေးကြီး အမန်စီယို အိုတီဂါ (Amancio Ortega) ဟာ ‘Zara’ ဖက်ရှင်ကုမ္ပဏီကို ပိုင်ဆိုင်ထားရုံမက လန်ဒန်၊ နယူးယောက်နဲ့ မက်ဒရစ်မြို့တွေမှာ အိမ်ပေါင်းများစွာ ပိုင်ဆိုင်ထားသူပါ။ အထက်တန်းမအောင်ပေမယ့် ကြိုးကြိုးစားစားရုန်းကန်ခဲ့သူဖြစ်ပြီး သူ့ရဲ့အသားတင်ကြွယ်ဝမှုဟာ ၇၅.၂ ဘီလီယံအထိ ရှိပါတယ်။ 

Source : Akhayar (Facebook) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။