အခုကဆောင်းရာသီဆိုတော့ အိပ်ကောင်းတဲ့အချိန်မို့ ပျိုမေလေးတို့ကျောင်းသွား ရုံးသွားတဲ့အခါ အိပ်ယာထနောက်ကျလို့ အလှပြင်တဲ့အချိန်မပေးနိုင်တာမျိုးတွေ ရှိတက်ပါသလား?

ဒါမှမဟုတ် အလှပြင်တာကြာလို့ ရုံးနောက်ကျ ကျောင်းနောက်ကျလို့ စိတ်ညစ်နေပြီလား? ဒါတွေကိုဖြေရှင်းဖို့ နည်းလမ်းကောင်းလေးတွေကို ရှာဖွေထားပါတယ်။

(၁) မိတ်ကပ်

မျက်နှာနဲ့ လိုက်ဖက်တဲ့ ဖောင်ဒေးရှင်းကို မိတ်ကပ်လိမ်းတဲ့ Brush နဲ့ ညီညီညာညာ လိမ်းလိုက်ပါ။ မျက်နှာအနှံသေချာစွာလိမ်းပြီးပြီဆိုရင်တော့ ပေါင်ဒါကိုသုံးလိုက်ပါ။

(၂) မျက်ခုံး

မျက်ခုံးမွှေးဆွဲတဲ့အခါ အပေါ်ဘက်မျက်ခုံးသားကိုအရင်ဆွဲပေးပါ။ သေချာစွာပုံဖော်ပြီးမှ အတွင်းသားကိုအညှိရောင်နဲ့ ဖြည့်ပေးပါ။ မျက်ခုံးထောင့်စွန်းကို Eye Liner ကိုပိုပြီးရှည်အောင်ဆွဲပေးရပါတယ်။

(၃) Eye Liner

Eye Liner ကတော့ အမြန်ဆိုးတဲ့အခါ ပုံမကျတာမျိုးတွေဖြစ်တက်ပါတယ်။ ဒါကြောင့် ပုံဆန်းဆန်းတွေထက် မျက်လုံးပေါ်ဖို့ကိုသာ ဦးစားပေးလိုက်ပါ။ မျက်ခွံနဲ့ မျက်လုံးကိုကပ်နိုင်သမျှကပ်ပြီး တောက်လျှောက်ဆွဲသင့်ပါတယ်။ အချိန်မရဘူးဆိုရင်တော့ လိုင်နာအခြောက်က ပိုပြီးအဆင်ပြေစေမှာပါ။

(၄) နှုတ်ခမ်းနီ

နှုတ်ခမ်းနီဆိုးတဲ့အခါ matte နှုတ်ခမ်းနီတွေထက် အဆီအနည်းငယ်ပါတဲ့ နှုတ်ခမ်းနီကိုရွေးချယ်သင့်ပါတယ်။ ဆိုးမယ့်နှုတ်ခမ်းနီအရောင်ထက် ပိုရင့်တဲ့ကာလာနဲ့ နှုတ်ခမ်းကိုပုံဖော်ပေးဖို့လိုပါတယ်။

(၅) နှာတံ

နှာတံဖော်ဖို့အတွက်တော့ မျက်ခုံးမွှေးဆိုးတဲ့ အညှိရောင်ကိုသုံးလို့ရပါတယ်။ ဆိုးပြီးတဲ့အခါ ပေါင်ဒါမှုန့်သုံးပြီး ပြန်ဖြည်ပေးဖို့တော့ မမေ့ပါနဲ့နော်။

ဒီနည်းလမ်းလေးတွေသိပြီးပြီဆိုရင်တော့ ပြင်ဆင်ဖို့အချိန်အများကြီးမပေးနိုင်လည်း အမြဲလှနေနိုင်ပြီပေါ့ ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။