လူတိုင်းကြိုက်နှစ်သက်တဲ့ငှက်ပျောသီးကို ဒီတိုင်းစားရင်လည်း ကျနး်မာရေးကောင်းကျိုးရှိသလို၊ ငှက်ပျောသီး မီးဖုတ်စားရင်လည်း ဘယ်လိုဝေဒနာအတွက် ပျေက်ကင်းနိုင်လဲဆိုတာ ဖော်ပြပေးမှာဖြစ်ပါတယ်နော်။ငှက်ပျော သီးကို မနက်ထမင်းစားပြီးတိုင်း စားပေးပါက အစာကြေခွန်အားတိုးစေပြီး ညနေစားပါက လေဝေဒနာခံစားရပါ တယ်နော်။ ငှက်ပျောသီးကို နေ့စဉ်စားပေးပါက လေဖြတ်ရောဂါဖြင့် သေဆုံးခြင်းအတွက် ၄၀ ရာခိုင်းနှုန်းအထိ လျော့ချပေးနိုင်ပါတယ်။ ဂလူးကိုစ်၊ ဖရပ်တို့စ် ၊ဆူးကရို့စ် တို့ပါဝင်ခြင်းကြောင့် စွမ်းအင်တိုးပွားစေပါတယ်။ စိတ်ခံစားမှုကို ကောင်းစေနိုင်ပြီး စိတ်ဓာတ်မြှင့်တင်ပေးတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။

အမျှင်ဓာတ်တွေ ပါဝင်တဲ့အတွက် ဝမ်းချုပ်တဲ့သူများ နေ့စဉ်စားသုံးပေးပါက ဝမ်းမှန်စေပါတယ်။ အူမကြီးကို ပုံမှန်ဖြစ်အောင်လုပ်ဆောင်ပေးသလို အစာလမ်းကြောင်းပုံမှန် လှုပ်ရှားမှုကိုကောင်းမွန်စေပါတယ်။ သံဓာတ် တွေပါဝင်တဲ့အတွက် သွေးအားနည်းခြင်းကိို ကာကွယ်ပေးပါတယ်။ ပုံမှန်ငှက်ပျောသီးကို တစ်နေ့ကို သုံးလုံး စာပေးပါက အိုမင်းရင့်ရော်ခြင်း၊ အမြင်အာရုံ ဆုံးရုံးခြင်းတွေကို ကာကွယ်ပေးပါတယ်နော်။ ပိုတက်စီယမ်၊ ဆိုဒီယမ်ကြောင့် သွေးတိုးရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ရင်ပူခြင်းအတွက် ငှက်ပျောသီးကို စားပေး ပါနော်။ ကျောက်ကပ်ဝေဒနာအတွက် ပုံမှန်စားပေးရင် ကျောက်ကပ်ကင်ဆာဖြစ်ပွားခြင်းကို ကာကွယ်ပေးပါ တယ်နော်။

ဗီတာမင် ၆၊၁၂ ၊ပိုတက်စီယမ်နှင့် မဂ္ဂနီဆီယမ် ပါဝင်တာကြောင့် ဆေးလိပ်ဖြတ်သူတွေ ငှက်ပျောသီးစားသင့် ပါတယ်နော်။ နောက်ဆုံးတစ်ခုကတော့ ပိုတက်ဆီယမ် အားနည်းခြင်းကြောင့် ခြေထောက်များရောင်ခြင်း၊ ဆီခနခနသွားခြင်းတို့အတွက် ငှက်ပျောသီးကို မီးဖုတ်စားပေးပါက သိသိသာသာ ပျေက်ကင်းပါတယ်နော်။ ငှက်ပျောသီးမီးဖုတ်နှင့် အုန်းစိမ်းရည်တို့က ခန္ဓာကိုယ်အတွင်း လိုအပ်နေတဲ့ ပိုတက်ဆီယမ်အားနည်းခြင်းကို သက်သာစေပါတယ်။ အားလုံးပဲကျန်းမာရွင်လန်းကြပါစေ။

Source : Dr Khine Moe Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။