၁၇.၁.၂၀၁၈ ရက်နေ့မှ ၂၃. ၁. ၂၀၁၈ အထိ ဆရာ စံဇာဏီဘို၏ တစ်ပတ်စာ ဟောကိန်းများကို ဖော်ပြပေးလိုက်ပါတယ်။ ယတြာချေနည်းလေးတွေနဲ့ ကံကောင်းစေမဲ့ ဂဏန်း၊ အရောင်တွေလည်း ပါ၀င်တာကြောင့် အားလုံးပဲ ကံကောင်းကြပါစေနော် ….

တနင်္ဂနွေနေ့ မွေးသူများ

လိုရာဆန္ဒ အလုံးစုံ ပြည့်မြောက်မယ်။ လုပ်သမျှ အောင်မြင်မယ်။ ငွေရေးကြေးရေး ကံကောင်ခြင်း၊ လုပ်ငန်း ကံကောင်းခြင်း၊ စီးပွားဥစ္စာတိုးတက်ခြင်းများ ကြုံမယ်။ လိုအင်ဆန္ဒ ရည်မှန်းချက်တို့ကို လက်တွေ့ အကောင်အထည် ဖော်ခြင်းများ ကြံုမယ်။ ယှဉ်ပြိုင်မှုများ အောင်မြင်မယ်။ ပြသနာ အနည်းငယ် ထိပ်တိုက်တွေ့မယ်။ ကောင်းဆိုး၊ ရောထွေး နေတတ်တယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်း၊ ငွေကြေး အာမခံခြင်းမျိုး ရှောင်ကြဉ်ပါ။ တနင်္လာ၊ သောကြာနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊ အင်္ဂါ နေ့ မွေးသူများနှင့် လက်တွဲလုပ်ကိုင်လျှင် ကံကောင်းခြင်းများ ကြံုမယ်။

ကံကောင်းစေသောအရောင် - အပြာရောင်၊ အနီရောင်၊ ကြက်သွေးရောင်

အကျိုးပေးဂဏန်း - ၃၊ ရ၊ ၉

ယတြာ - ပန်းအဖြူ သုံးပွင့် ဖန်ခွက်ထဲထည့်ပြီး ရေဖြည့်၍ အမြင့်တစ်နေရာမှာ ထားပြီး အလိုရှိရာ ဆုတောင်းပါ။  

တနင်္လာနေ့မွေးသူများ

ယှဉ်ပြိုင်ပြီး လုပ်တဲ့ ကိစ္စများ အောင်မြင်ပြီး သူတစ်ပါးထက် ပိုတဲ့ လမ်းကြောင်းပေါ်မှာ ရပ်တည် ရောက်ရှိနေမယ်။ ထွန်းပေါက် တိုးတက်ခြင်း ကြံုမယ်။ ကံကောင်းမယ်။ သူများ ပြသနာက ကိုယ့်ပြသနာ ဖြစ်တတ်တယ်။ မထင်မှတ်ဘဲ ငွေကြေး ကံကောင်းမယ်။ တနင်္လာ၊ စနေ၊ သောကြာနေ့ မွေးသူများနှင့် တွဲဖက်လုပ်ကိုင်လျှင် ထူးထူးခြားခြား အောင်မြင်ပြီး ကံကောင်းနိုင်တယ်။ တနင်္ဂနွေ၊ ဗုဒ္ဓဟူး နေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်တတ်တယ်။ ကြာသာပတေးနေ့ မွေးသူများ လူမျိုးကွဲဆိုရင် အကျိုးပေးတယ်။

ကံကောင်းစေသောအရောင် - အပြာရောင်၊ အညိုရောင်၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ၄၊ ရ ၊ ၉

ယတြာ - နှင်းဆီပန်း အနီတစ်ပွင့် ကြေးပန်းအိုးထဲ ထည့်ပြီး အနီးနားမှာ ထားရှိပေးပါ။   

အင်္ဂါနေ့မွေးသူများ

ထူးခြားတဲ့ ကံအပြောင်းအလဲနှင့် တိုးတက်မှု ကြံုမယ်။ ကိုယ်လုပ်သလောက် ထွန်းပေါက်မယ်။ ငွေကြေး ကံကောင်းမယ်။ ရန်အတိုက်အခံများနှင့် ထိပ်တိုက်တွေ့ရမယ်။ ခရီးသွားရင် အကျိုးရှိမယ်။ ဦးတည်ချက် အသစ်နဲ့ လုပ်ကိုင်မှုရဲ့ အကျိုးကို ရရှိမယ်။ အပြိုင်အဆိုင်တွေ ကြားထဲက တိုးတက်မယ်။ ရပိုင်ခွင့်များ လက်ဝယ် ပြန်လည် ရရှိမယ်။ ပြောရေး ဆိုရေး အောင်မြင်မယ်။ တနင်္လာ၊ ကြာသာပတေး မွေးသူများနှင့် ပူးတွဲလုပ်ကိုင်လျှင် အဆင်ပြေမယ်။ တနင်္ဂနွေ၊ သောကြာ၊ စနေနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်မယ်။

ကံကောင်းစေသောအရောင် - အဖြူရောင်၊ အစိမ်းရောင်၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ၂၊ ရ၊ ၉

ယတြာ - လက်ကိုင်ပဝါ အဖြူတစ်ထည်ကို အမွှေးနံ့သာ ဖျန်းပြီး ကိုယ်နှင့် ဆောင်ယူထားပါ။ 

ဗုဒ္ဓဟူးနေ့မွေးသူများ

မေတ္တာကံကောင်းခြင်း၊ မိတ်ကောင်း၊ ဆွေကောင်း အထောက်အကူရခြင်း များရှိမယ်။ အခက်အခဲ မှန်သမျှ အောင်မြင်နိုင်မယ်။ စုပေါင်းတွဲဖက် လုပ်တဲ့ အလုပ်တွေ အကျိုးပေးတယ်။ ဘဝ အဆင့် မြင့်မား တိုးတက်ကိန်း ရှိတယ်။ သူတစ်ပါးကြောင့် ဖြစ်နေတဲ့ ပြသနာတွေကိုလည်း ဖြေရှင်းနိုင်မယ်။ ဦးတည်ချက်ပြောင်းပြီး လုပ်တာ အဆင်ပြေမယ်။

ကြာသာပတေး၊ စနေ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး တနင်္လာ၊ သောကြာ၊ အင်္ဂါနေ့ မွေးသူများကြောင့် ကောင်းကျိုးများ ရနိုင်တယ်။

ကံကောင်းစေသောအရောင် - အနီရောင်၊ အပြာရောင်၊ ပန်းရောင်

အကျိုးပေးဂဏန်း - ၆၊ ရ၊ ၉

ယတြာ - ကလေးသူငယ်တွေကို ချိုချဉ်၊ သကြားလုံး ပေးကမ်း လှူဒါန်းပါ။  

ရာဟု မွေးသူများ

အပြောင်းအလဲနှင့် တက်လမ်းသစ်များ ပေါ်များ ရည်ရွယ်ချက်များ၊ မျှော်မှန်းချက်များ ထွန်းပေါက်မယ်။ အပြိုင်အဆိုင်များမယ်။ အခက်အခဲကြားက ဖြတ်သန်းရမယ်။ ကျန်းမာရေး ညံ့မယ်။ စုပေါင်း တွဲဖက် အလုပ်များ အောင်မြင်မယ်။ ငွေကြေး ကံကောင်းမယ်။ တိုးတက် အောင်မြင်မယ်။ သုံးရက် အတွင်း ချောမွေ့ အဆင်ပြေခြင်းမျိုးရှိမယ်။ မှန်းထားတာနဲ့ အနည်းငယ် လွဲမယ်။ အကြီးအကဲ အမျိုးသမီး၏ အကူအညီ ရမယ်။ လူငယ်များ ဆန်းပွင့်မယ်။ ကြာသာပတေးနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ပြီး တနင်္လာ၊ သောကြာ၊ ဗုဒ္ဓဟူးနေ့ မွေးသူများကြောင့် ကောင်းကျိုးများ ရမယ်။

ကံကောင်းစေသောအရောင် - မီးခိုးရောင်၊ အပြာရင့်ရောင်၊ နက်ပြာရောင်

အကျိုးပေးဂဏန်း - ရ၊ ၆ ၊ ၄

ယတြာ - ဂန္ဓမာ ပန်းပွင့် ၆ ပွင့် ဘုရားကပ်လှူပြီး အလိုရှိရာ ဆုတောင်းပါ။   

ကြာသာပတေးနေ့ မွေးသူများ

ပြသနာ တစ်မျိုးပြီး တစ်မျိုး ကြံုမယ်။ မှန်းတာနဲ့ လက်တွေ့ ကွာဟ မယ်။ ကိုယ့်အပေါ် ကတိ ပျက်သူများနှင့် ကြံုမယ်။ စေတနာက ဝေဒနာ ဖြစ်မယ်။ လူပေါင်းမှား၊ ဆုံးဖြတ်ချက်မှားတာမျိုး ရှိမယ်။ အတွင်းလူ ဒုက္ခ ပေးတတ်တယ်။ ရင်းနှီးသူများနှင့် ပဋိပက္ခ ဖြစ်မယ်။ အိမ်တွင်း ပြသနာများလည်း ရှိမယ်။ သူများ ပြသနာက ကိုယ့်ပြသနာ ဖြစ်တတ်တယ်။ ငွေကြေး အပေးအယူ သတိထားရမယ့် ကာလဖြစ်မယ်။ ချက်ခြင်း ဆုံးဖြတ်ပြီး ရှေ့တိုးလုပ်တာ အောင်မြင်မယ်။ ကူညီတဲ့သူ ပေါ်နိုင်တယ်။ ပြသနာဟောင်း ဖြေရှင်းရနိုင်တယ်။ လူမျိုးကွဲ အကျိုးပေးတယ်။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊ သောကြာနေ့ မွေးသူများ ကောင်းကျိုးပေးပြီး တနင်္ဂနွေ၊ အင်္ဂါ မွေးသူများ ဒုက္ခပေးတတ်တယ်။

ကံကောင်းစေသောအရောင် - အစိမ်းရောင်၊ အဖြူရောင် ၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ၅၊ ၈၊ ရ

ယတြာ - အိမ်မှာ ရှိတဲ့ သွားတိုက်ဆေးဗူး အဟောင်းများ ရှာဖွေ စွန့်ပစ်လိုက်ပါ။ 

သောကြာနေ့ မွေးသူများ

ထူးခြားသော ကံနှင့် တိုးတက်ခြင်းတွေ ပေါ်မယ်။ ငွေကြေး လာဘ်လာဘ တိုးတက်မယ်။ အလုပ်ရှာလျှင် အလုပ်ရမယ်။ အလုပ်ရှိသူ ရာထူး တိုးတက်ကိန်း ရှိတယ်။ အချစ်ရေး၊ မေတ္တာရေး ကောင်းတယ်။ မိသားစုအတွက် စီစဉ် လုပ်တဲ့ ကိစ္စ အဆင်ပြေမယ်။ မမျှော်လင့်တဲ့ ပြသနာ တစ်ခု ဖြေရှင်းရကိန်းရှိပေမယ့် ပြေလည်သွားလိမ့်မယ်။ ဆုံးဖြတ်ချက် မှန်မယ်။ ရပိုင်ခွင့်များ ပြန်လည် ရရှိနိုင်တယ်။ တနင်္လာ၊ အင်္ဂါ၊ သောကြာ နေ့ မွေးသူများကြောင့် ကောင်းကျိုးများရပြီး ကြာသာပတေး၊ စနေနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်မယ်။

ကံကောင်းစေသောအရောင် - အပြာရင့်ရောင်၊ နက်ပြာရောင်၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ၈၊ ရ၊ ၉

ယတြာ - အိမ်မှာရှိတဲ့ ဆပ်ပြာခွက်အဟောင်း အချို့ကို စွန့်ပစ်လိုက်ပါ။   

စနေနေ့မွေးသူများ

ထင်ရှားတဲ့ အောင်မြင်မှုတွေ ရနိုင်တယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်များ ချမှတ်ရနိုင်တယ်။ ခရီး ကံကောင်းမယ်။ လုပ်သမျှ အဆင်ပြေနိုင်တယ်။ ရန်နဲ့ ယှဉ်ပြီး လုပ်ရမယ်။ စေတနာက ဝေဒနာ ဖြစ်မယ်။ ထင်ရှားတဲ့ ကံကောင်းခြင်း ရှိမယ်။ အိမ်ပြင်၊ အိမ်ပြောင်း၊ အိမ်ကိစ္စ မျိုးကို ကိုယ်တိုင်အတွက် ဖြစ်စေ၊ တစ်ပါးသူကို ကူညီတာဖြစ်စေ အောင်မြင်မယ်။ တနင်္လာ၊ ကြာသာပတေးနေ့ မွေးသူများ ကောင်းကျိုးပေးပြီး သောကြာ၊ စနေနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။ အနက်ရောင်ကို လုံးဝ ရှောင်ကြဉ်ပါ။

ကံကောင်းစေသောအရောင် - အပြာရောင်၊ မီးခိုးရောင်၊ နို့နှစ်ရောင်

အကျိုးပေးဂဏန်း - ၃၊ ရ၊ ၉

ယတြာ - အိမ်မှာရှိတဲ့ ရေသန့် ဗူးခွံအဟောင်းတွေ ရှာဖွေ စွန့်ပစ်လိုက်ပါ။

သတင်းအရင်းအမြစ် - ဆရာစံဇာဏီဘို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။