အကယ်ဒမီသရုပ်ဆောင်နေတိုးတစ်ယောက် အရမ်းကိုရင်ခုန်နေတယ်လို့ သူ့ရဲ့ဖေ့စ်ဘုတ်မှာရေးသားထားပါတယ်။ နေတိုးဟာ သရုပ်ဆောင်တဲ့အပိုင်းမှာ ဟာသ၊ အလွမ်း၊ အဆွေး ရသမျိုးစုံကိုပီပြင်အောင် သရုပ်ဆောင်စွမ်းရည်ရှိတဲ့အပြင် အငြိမ့်လူရွှင်တော်ဘက်မှာလည်း စွမ်းရည်ပြည့်ဝသူတစ်ဦးဖြစ်ပါတယ်။

သရုပ်ဆောင်နေတိုးနှင့် အဖွဲ့သားတို့ပါဝင်တဲ့ နှင်းဆီသခင်အဖွဲ့ဟာ (၁၉.၁.၂၀၁၈ မှ၂၀.၁.၂၀၁၈)နေ့တွေမှာ "နှင်းဆီနယ်နိမိတ်"အမည်ရှိတဲ့ ရန်ပုံငွေအငြိမ့်ပွဲကို ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ နှင်းဆီသခင်အဖွဲ့သားတွေဖြစ်တဲ့ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ရဲလေး၊ မိုးမိုး၊ ထွန်းထွန်း တို့နှင့်အတူ အငြိမ့်တိုက်နေကြပါတယ်။ သူတို့စည်းစည်းလုံးလုံး အငြိမ့်တိုက်နေတဲ့ပုံနှင့်အတူ " ရင်ခုန်ခြင်းများစွာဖြင့်"ဆိုတဲ့ Status တစ်ကြောင်းကို ရေးတင်ထားတာဖြစ်ပါတယ်။

ကိုနေတိုးရင်ခုန်နေသလို ဒီပွဲကိုစောင့်မျှော်ကြည့်ရှုကြမယ့်ပရိတ်တွေကလည်း နှင်းဆီသခင်အဖွဲ့ဒီတစ်ခါဘယ်လို တင်ဆက်မှုလေးတွေနဲ့ဖျော်ဖြေပေးမလဲဆိုတာကို ရင်ခုန်စွာစောင့်မျှော်နေကြပါတယ်နော်။ နှင်းဆီသခင်အဖွဲ့ကို ချစ်မြတ်နိုးကြတဲ့ပရိတ်သတ်ကြီးတို့လည်း ရခိုင်အနောက်ဘက်ခြံစည်းရိုးခတ်မယ့် ဒီရန်ပုံငွေပွဲအတွက်လည်း တစ်ဖက်တစ်လမ်းမှတတ်နိုင်သလောက် အလှူငွေလေးတွေလည်း ပါဝင်ထည့်လှူပေးကြပါအုံးနော်။

Source-Nay Toe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။