ဂျပန်နိုင်ငံNHKသတင်းဌာနဟာမနေ့ကဒုံးကျည်သတိ

ပေးချက်တစ်ခုကိုမှားယွင်းထုတ်ပြန်မိခဲ့ပါတယ်။အဆိုပါသတိ

ပေးချက်မှာပြည်သူတွေကိုဘေးကင်းလုံခြုံတဲ့နေရာတွေဆီ

သွားရောက်ကြဖို့သတိပေးထားတဲ့စာသားတွေပါဝင်ခဲ့ပါတယ်။

NHKဟာအဆိုပါMessgaeဟာလက်ကိုင်ဖုန်းတွေ၊

အင်တာနက်တွေပေါ်ကနေလူမှုကွန်ယက်အကောင့်တွေဆီ

ပို့ခဲ့မိတာပါ။မြောက်ကိုရီးယားဒုံးကျည်ရန်ကြောင့်

ကျီးလန့်စာစားဖြစ်နေရတဲ့ဂျပန်ပြည်သူတွေဟာအဆိုပါMessageကြောင့်အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။

NHKဟာမကြာခင်မှာပဲသတိပေးစာကိုမှားယွင်းပို့ဆောင်

မိခဲ့ကြောင်းပြန်လည်ကြေညာခဲ့ပါတယ်။မိနစ်ပိုင်းအတွင်း

မှာNHKဟာသတင်းပြန်လည်ထုတ်ပြန်ကြေညာခဲ့ကြပေမယ့်

ဂျပန်နိုင်ငံသားတွေကတော့အစိုးရိမ်ပိုခဲ့ရတယ်လို့သိရပါတယ်။

ဂျပန်ဟာမြောက်ကိုရီးယားနဲ့အရမ်းနီးကပ်နေတဲ့နိုင်ငံတစ်နိုင်

ငံပါ။မြောက်ကိုရီးယားကသာနူကလီးယားဒုံးကျည်တွေ

နဲ့ပစ်လွန်လိုက်ရင်မိနစ်ပိုင်းအတွင်းတစ်နိုင်ငံလုံးစိစိညက်

ကြေသွားမယ့်အနေအထားမျိုးပါ။ဒါကြောင့်NHK

ရဲ့Message အပေါ်ဂျပန်ပြည်သူတွေကြောက်အား

ပိုခဲ့ရတာပေါ့။

အဆိုပါဖြစ်စဉ်မျိုးဟာအမေရိကန်ပြည်ထောင်စုမှာလည်း

ဟာဝိုင်အီမှာလည်းပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တယ်လို့

သိရပါတယ်။ဟာဝိုင်အီမှာလည်းအမေရိကန်အာဏာပိုင်တွေကဒုံးကျည်သတိပေးချက်မှားယွင်းထုတ်ပြန်ခဲ့တာပါ။ဟာဝိုက်အီမှာတော့သတိပေးချက်ထုန်ပြန်ပြီးမှားယွင်းကြောင်းကြေညာချက်ကိုမိနစ်သုံးဆယ်ကျော်မှပြန်လည်ထုတ်ပြန်ခဲ့

တာကြောင့်ဟယဝိုင်အီဒေသခံတွေအလွန်အမင်းစိုးရိမ်

ပူပန်ခဲ့ရတယ်လို့ပြောပါတယ်။ဘာကြောင့်ဒီလိုမှားယွင်း

ထုတ်ပြန်သလဲဆိုတာတော့အာဏာပိုင်တွေကအကြောင်း

ရင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Source -NHK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။