ပရိတ်သတ်တွေ ချစ်ခင်ကြတဲ့ ဆယ်ကျော်သက်မင်းသမီးလေးတွေထဲ ယွန်းယွန်းလဲ တစ်ယောက်အပါအဝင်ပါ ။ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ်အနုပညာအလုပ်တွေကို စတင်လုပ်ဆောင်လာခဲ့ပြီး အနုပညာစွမ်းရည်ထက်မြက်သူမို့ အကယ်ဒမီဆုကိုရရှိထားသူလေးလဲဖြစ်ပါတယ် ။ သူမလေးကတော့ ခုချိန်မှာ ဆယ်ကျော်သက်အရွယ်မို့ ဖူးပွင့်စပန်းလေးလို လှသွေးကြွယ်နေခဲ့ပြီး Photo Model အဖြစ်လဲ ဓါတ်ပုံတွေဆက်တိုက်ဆိုသလိုပဲ ရိုက်ကူးလျက်ရှိရာမှာ ခုလည်း ဂျျင်းဖက်ရှင်နဲ့ လွင့်နေအောင်လှတဲ့ ပုံလေးတွေကို ပရိတ်သတ်ဆီ မျှဝေပေးလိုက်ပါတယ် ။ 

ဆံပင်အရှည်ကြီးကိုကောက်ထားတာမို့ ပုံမှန်မြင်နေရကျပုံစံတွေကကွဲထွက်နေတဲ့အပြင် ချိုမြပြီး ချစ်ဖို့ကောင်းတဲ့ မျက်နှာပေးလေးကြောင့် ပရိတ်သတ်တွေကတော့ ထိုပုံလေးတွေကို အလွန်သဘောကျနေတော့တာပါပဲ ။ မင်းသမီးလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေရရှိနေပြီး ရုပ်ရှင် ဇာတ်ကားကြီးတွေမှာပါ လုပ်ကွက်ရတဲ့ ဇာတ်ရုပ်တွေကို ဒါရိုက်တာတွေရဲ့ ယုံကြည်စွာအပ်နှံခြင်းကို ခံရသူပါ ။ 

ငယ်ရွယ်သူမို့ ပညာရေးကလည်း မပြီးသေးတာမို့ ပညာရေးတစ်ဘက်နဲ့ အနုပညာအလုပ်တွေကို အားကြိုးမာန်တက် လုပ်ဆောင်နေတဲ့သူမလေးက အနုပညာစွမ်းရည်မှာတော်သလို ပညာရေးမှာလည်း ဆယ်တန်းကိုဂုဏ်ထူးနှစ်ခုနဲ့ နှစ်ချင်းပေါက်အောင်မြင်ခဲ့ပြီး စိတ်ပညာ ဘာသာရပ်ကို တက္ကသိုလ်မှာဆက်လက်သင်ကြားတော့လည်း တက္ကသိုလ် ပထမနှစ်အတွက် ဒုတိဆုကို ထပ်မံရရှိခဲ့ပါသေးတယ် ။ ကြိုးစားမှုရဲ့ ရလာဒ်တွေလို့ဆိုရမှာပါပဲ ... ဒီလိုကြိုးစားတဲ့ကောင်မလေး ယွန်ယွန်းကတော့ မကြာခင်မှာပဲ ၁၈ နှစ်ပြည့်တော့မှာပါ ။ သူမလေးကို အားပေးတဲ့ ပရိတ်သတ်တွေရှိရင်ပြောသွားခဲ့လေနော် ။ 

သတင်းအရင်းမြစ် Yoon Yoon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။