ဆိုရှယ်မီဒီယာတွေခေတ်စားလာတာနဲ့ အမျှ ဖေ့ဘုတ်က သုံးတတ်ရင် ဆေးဖြစ်သလို အကျိုးမဲ့အောင် သုံးစွဲနေသူအတွက်တော့ ဘေး ဖြစ်စေမှာအမှန်ပါပဲ။ အနုပညာရှင်တွေအနေနဲ့ 

လူမှုကွန်ရက်အကောင့်တွေ ကိုယ်စီ ဖွင့်သုံးနေပြီး ပရိသတ်တွေနဲ့ တရင်းတနှီး ထိတွေ့လေ့ရှိလာကြပါတယ်။ အနုပညာလောကထဲ ၀င်ပြီဆိုရင်တော့ ကိုယ့်ကို ချစ်ခင်အားပေးသူရှိသလို မလိုမုန်းထားသူလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အမြဲလိုလို တစ်ဖက်သတ်ရိုင်းစိုင်းစွာ ဝေဖန်ပြောဆိုသူအချို့ကြောင့် အနုပညာရှင်တွေလည်း သာမန်လူတွေလိုပဲ စိတ်အနှောင့်ယှက်ဖြစ်ရတဲ့အခိုက်တန့်တွေရှိတတ်ကြတာပါပဲ။

သရုပ်ဆောင်ပိုင်းမှာ အထိုက်အလျောက် နာမည်ရနေတဲ့ မင်းသားချော နေဒွေးကတော့ သူ့ရဲ့ ပို့စ်တွေမှာ မိုက်မိုက်ရိုင်းရိုင်းဝေဖန်သူအချို့ကို အခုလိုပဲ မှတ်လောက်သားလောက်အောင် သတိပေးလေ့ရှိတာကိုတွေ့ရပါတယ်။

အခုတစ်ခေါက်မှာလည်း နေဒွေးတစ်ယောက် သူတင်တဲ့ ပို့စ်အောက်မှာ ရိုင်းရိုင်းစိုင်းစိုင်း ၀င်ပြီး မှတ်ချက်ရေးသူကို ရဲစခန်းအထိ တိုင်ချက်ဖွင့်မယ်ဆိုပြီး ဖေ့ဘုတ်အကောင့် ပုံတွေနဲ့တကွ သတိပေးလိုက်တာဖြစ်ပါတယ်။

“စိတ်တော့မကောင်းဘူးညီလေး လက်ယားတတ်တဲ့ညီလေးအကျင့်ပျောက်အောင် အခုဘဲရဲစခန်းသွားပီး အမှုဖွင့်လိုက်တော့မယ်။ညီလေးက ကြောက်ပီးcommentတွေဖျက်သွားလဲညီလေးအိမ်ကိုမကြာခင်လာခဲ့ပါ့မယ်နော်” ဆိုပြီး ရေးသားထားတာပါ။

ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ နေဒွေးဟာ ရုပ်ရှင်ဇာတ်ကားများစွာ ဆက်တိုက်ရိုက်ကူးနေရပြီး သရုပ်ဆောင်ပိုင်းမှာ အရည်အချင်းရှိတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။

သူဟာ ပြည်ထောင်စု သစ္စာဇာတ်ကားနဲ့ ပရိသတ်အားပေးမှုတွေပိုရခဲ့တာပါ။ လက်တလောမှာတော့ အခုလို မိုက်ရိုင်းတဲ့သူကြောင့် နေဒွေး တစ်ယောက် ဒေါသထွက်လည်း ထွက်ချင်စရာကောင်းပါတယ်။  လက်တလောမှာတော့ အဲ့ဒီကွန့်မန့်ပေးတဲ့ အကောင့်ပိုင်ရှင် အမျိုးသားဟာ နေဒွေးရဲ့ အမေဆီကို တောင်းပန်စာ ပေးပို့တဲ့အတွက် ခွင့်လွှတ်ကြေအေးပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ 

Source : Nay Dway fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။