ပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ မင်းသမီးချောလေး ခင်လေးနွယ်ကတော့ ကချင်ပြည်နယ် ပူတာအိုမြို့ကို ရောက်ရှိနေပါတယ်..။

လီဆူတိုင်းရင်းသူလေး ဖြစ်တဲ့ အတိုင်း ပူတာအိုမြို့မှာ ကျင်းပပြုလုပ်တဲ့ လီဆူနှစ်သစ်ကူးပွဲတော်ကို ပါဝင်ဆင်နွဲှနေတာ ဖြစ်တယ်လို့ သိရပါတယ်..။

သူမကတော့ လီဆူနှစ်ကူးပွဲတော်မှာ ပါဝင်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ(၁၅)ရက်နေ့ကတည်းက ကချင်ပြည်နယ် ပူတာအိုမြို့ကို ရောက်ရှိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်..။

လီဆူရိုးရာဝတ်စုံလေးကို ဝတ်ဆင်ထားတဲ့ တိုင်းရင်းသူလေး ခင်လေးနွယ်ကတော့ ရိုးရာဝတ်စုံလေးနဲ့လည်း လိုက်ဖက်ပြီး ချစ်စရာကောင်းနေတာ တွေ့ရပါတယ်..။

လီဆူနှစ်ကူးပွဲတော်မှာ ပျော်နေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

သူမတို့ ရိုးရာနှစ်ကူးပွဲတော်မှာ ချစ်ခင်ရတဲ့ မိတ်ဆွေသူငယ်ချင်း ညီအစ်ကိုမောင်နှမတွေနဲ့ ပြန်လည်တွေ့ဆုံပြီး ပျော်ပျော်ပါးပါးနဲ့ နှစ်ကူးပွဲတော်ကို ပါဝင်ဆင်နွဲှနေတာလည်း တွေ့ရပါတယ်..။

မင်းသမီးချောလေး ခင်လေးနွယ်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရပေမယ့်လည်း ပရိသတ်တွေကတော့ ဆက်လက်အားပေးနေတာ တွေ့ရပါတယ်..။

အနုပညာလှုပ်ရှားမှုတွေ နည်းပါးသွားပေမယ့်လည်း သူမရဲ့ လှုပ်ရှားမှုလေးတွေကိုတော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေလေ့ရှိသူလည်း ဖြစ်ပါတယ်..။

လတ်တလောမှာတော့ စီးပွားရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်နေပြီး ဖက်ရှင်ဆိုင် KAY Fashion & Fabric House ဆိုတဲ့ ဖက်ရှင်ဆိုင်လေးကို ဖွင့်လှစ်ထားတာ တွေ့ရပါတယ်..။

Source - ခင်လေးနွယ် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။