နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဝတ်မှုန်ရွှေရည်တစ်ယောက် သူမရဲ့ချစ်စရာ ကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်တွေထံ ထပ်မံပို့ ဆောင်လိုက်ပြန်ပါတယ်။ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးဖြစ်သလို အားပေးသူပရိတ်သတ်တွေကလည်း အများ အပြားပါပဲ။ ကျရာဇာတ်ရုပ်မှာ အဆင်ပြေပြေသရုပ်ဆောင်နိုင်တဲ့ စွယ်စုံရအနုပညာရှင် တစ်ဦးလည်းဖြစ်ပါတယ်။ အကယ်ဒမီရွှေစင်ရုပ်ထုကိုလည်းပိုင်ဆိုင်ထားပြီး အရည်အချင်း ပြည့်ဝတာကြောင့် အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတပွေ့တပိုက်နဲ့ မားမား မတ် မတ်ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမက ဆွတ်ဇာလန်နိုင်ငံကို အပျော် ခရီးအဖြစ်ရောက်ရှိနေတာဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ အနမ်းဝိုင် ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ ဖေဖော်ဝါရီ (၁၄) ရက် ချစ်သူများနေ့မှာ ရုံတင်ပြသမှာဖြစ်ပါ တယ်။ အောင်ရဲလင်းနဲ့တွဲဖက်သရုပ်ဆောင်ထားပြီး Drama ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

ခရီးသွားနေတဲ့အခိုက်အတန့်ဟာ သူမအတွက် အပူအပင်ကင်းမဲ့ပြီး ဟန်ဆောင်မှုတွေကင်း တဲ့ ပျော်ရွှင်စရာအချိန်လေးပါဆိုပြီး သူမရဲ့ Facebook မှာ တင်ထားပါတယ်။ ချစ်စရာ ကောင်းတဲ့ အပြုံးလေးတွေနဲ့ ပျော်ရွှင်လွတ်လပ်နေတဲ့ သူမရဲ့ပုံရိပ်လေးတွေက ကြည်နူးစရာ ကောင်းလှပါတယ် ပရိတ်သတ်ကြီးရေ။ အနုပညာသမားတစ်ယောက်ဟာ သာမာန်လူတွေ ထက် ပိုပြီးအနေကျုံ့တာကြောင့် ပြည်ပခရီးသွားရတဲ့အခိုက်အတန့်လေးဟာ ပျော်ရွှင်လွတ် လပ်တဲ့အချိန်လေးတွေကို အပြည့်အဝပိုင်ဆိုင်ရတဲ့အခိုက်အတန့်ပါပဲ။ ကလေးငယ်လေး တစ်ယောက်လို ပျော်ရွှင်နေတဲ့ ကစ်ကစ်ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေက အသည်းယားချင် စရာပါပဲ။

သူမရဲ့ Facebook မှာ အပူအပင်မရှိတဲ့ အခိုက်အတန့် ဒီလိုလေးလျှောက်သွားနေရင်း ဘဝရဲ့ အဓိပ္ပာယ်ကိုရှာတွေ့ချိန် ခဏ ဟန်ဆောင်မှုတွေကင်းတဲ့ အချိန်သည်သာ ဆိုပြီးတင်ထား တာဖြစ်ပါတယ်။ ဆွယ်တာအင်္ကျ ီအညိုရောင်လေးကို ဂျင်းဘောင်းဘီအရှည်လေးနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ သူမရဲ့ ပုံစံလေးက မရိုးမဆန်းလေးနဲ့ ချစ်စရာကောင်းလွန်းနေပါ တယ်။ ဖြူစင်တဲ့အပြုံးလေးတွေနဲ့ ပေါ့ပါးလွတ်လပ်ပျော်ရွှင်နေတဲ့ သူမရဲ့ ချစ်စဖွယ်ပုံရိပ် လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Wutt Hmone Shwe Yi’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။