Lady Gaga လို့ နာမည်ကြားလိုက်တာနဲ့ သူများနဲ့မတူပဲ တမူထူးခြားဆန်းသစ်တွေနဲ့ ဖက်ရှင်တွေကြောင့် ကမ္ဘာကျော်နေတဲ့ ဆယ်လီတစ်ဦးလို့ ပြေးမြင်မိကြမှာပါ။

အဆိုတော် လေဒီဂါဂါ ဟာ ဂီတလမ်းကြောင်းမှာ ဆယ်စုနှစ်တစ်ခုကြာ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး သူမရဲ့ သီချင်းဖျော်ဖြေတင်ဆက်မှုပုံစံတွေက နာမည်ကြီးနေတာဖြစ်ပါတယ်။

လေဒီဂါဂါ ဟာ ဇန်နဝါရီလ(၁၇)ရက်နေ့က အီတလီနိုင်ငံ မီလန်မြို့မှာ အမိုက်စားဖက်ရှင်တစ်မျိုးနဲ့ ဒင်နာပွဲတက်လာတဲ့ ပုံရိပ်တွေ က ပါပါရာဇီတွေကို မျက်စိကျစေခဲ့ပါတယ်။

သူမရဲ့ ကောက်ကြောင်းအလှကို ထုတ်ချင်းဖောက်မြင်ရစေတဲ့ နီညိုရောင်ဂါ၀န်အပါးလေးကို ရင်သပ်ရှုမောဖြစ်အောင် ဆွဲဆောင်မှုရှိရှိ ၀တ်ဆင်ထားတာဖြစ်ပါတယ်။

လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှနဲ့ လိုက်ဖက်လွန်းတဲ့ သူမရဲ့ ဖက်ရှင်ကြောင့် မြင်သူတိုင်း အံ့သြမင်သက်မိတဲ့အထိ ငေးမောခဲ့ကြတယ်လို့သိရပါတယ်။ လေဒီဂါဂါဟာ သူမရဲ့ ဘော်ဒီဂတ် ချောချောလေးနဲ့အတူ စမတ်ကျကျ ပွဲတက်လာတာဖြစ်ပါတယ်။

အသက်(၃၁)နှစ်အရွယ် Bad Romance သီချင်းပိုင်ရှင် ဂါဂါဟာ သူလျှောက်လှမ်းခဲ့တဲ့ ဂီတသက်တမ်းတစ်လျှောက်မှာ အကောင်းဆုံးသီချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်နိုင်တဲ့အပြင် ထူးခြားတဲ့ ဖက်ရှင်အလန်းတွေနဲ့လည်း ပွဲတက်လေ့ရှိပါတယ်။ 

ဒါ့ပြင် ဂါဂါဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စပိန် ဘာစီလိုနာမြို့မှာ ရှိုးပွဲနှစ်ခု ဖျော်ဖြေခဲ့ပြီး ဥရောပကို ခြေစင်္ကြာဖြန့်နေတာဖြစ်ပါတယ်။ အနီရင့်ရင့် နဲ့ အထာကျနေတဲ့ သူမရဲ့ ရင်ဖိုစရာ ပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေလိုက်ပါတယ်။

Dailymail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။