တက်သစ်စသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရွှေပိုးအိမ်တစ်ယောက် ရေးမြို့မှာ “ တောပေါက် မြို့ပေါက် ” ဇာတ်ကားရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သူမက စိတ်မနှံ့တဲ့ မိန်းကလေးငယ်အဖြစ်နဲ့ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ သူမရဲ့ရိုက်ကွင်းပေါ်က ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက် ဟာသဆန်ဆန် တင်ဆက်ပေးထား တာပဲဖြစ်ပါတယ်။ စိတ်မနှံ့တဲ့ပုံစံလေးလုပ်ထားတာတောင် သူမက ချစ်စရာကောင်းနေဆဲ ပါပဲ။ သဘာဝကျကျသရုပ်ဆောင်နိုင်ပြီး သွက်လက်တဲ့သူမရဲ့ပုံစံလေးကြောင့် ပရိတ်သတ် တွေက ချစ်ခင်အားပေးနေတာပဲ ဖြစ်ပါတယ်။ သူမကိုအားပေးတဲ့ ပရိတ်သတ်တွေကလည်း အခိုင်အမာရှိနေပြီဖြစ်ပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ကို သူမက ရောက်ရှိနေပြီပဲ ဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ 2017 တုန်းက နာမည်ကျော်အဆိုတော်တစ်ဦးရဲ့ ခင်ပွန်းဖြစ်သူနဲ့ သူမကိုစွပ်စွဲပြောဆို မှုတွေရှိခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ အထင်မြင်လွဲမှုကို ခံခဲ့ရပြီး ရိုင်းစိုင်းစွာပြောဆို ပုတ် ခတ်ခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။ တက်သစ်စတစ်ဦးဖြစ်တာကြောင့် သူမနဲ့တွဲဖက် ရိုက်ကူးဖို့ကိုလည်း ငြင်းဆန်ခဲ့ပါသေးတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး သူမကစိတ်မကောင်း ဖြစ်ကြောင်း Live လွှင့်ပြီး ပရိတ်သတ်တွေကိုရင်ဖွင့်ကာ ငိုခဲ့ပါသေးတယ်။ 2017 မှာ စိတ်ညစ် စရာကိစ္စတွေကြုံခဲ့ရပေမယ့် လက်ရှိမှာတော့ သူမက အောင်မြင်စပြုနေပြီဖြစ်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေပြီပဲဖြစ်ပါတယ်။

လက်ရှိ ရေးမြို့မှာရိုက်ကူးနေတဲ့ “ တောပေါက် မြို့ပေါက် ” ဇာတ်ကားမှာ စိတ်မနှံ့သူလေး အဖြစ် ပါဝင်သရုပ်ဆောင်နေတဲ့ သူမရဲ့ ရိုက်ကွင်းပေါ်က ချစ်စဖွယ်ပုံရိပ်လေးတွေက သဘာဝဆန်လွန်းနေပါတယ် ပရိတ်သတ်ကြီးရေ။ ရိုက်ကွင်းပေါ်က သူမက စိတ်မနှံ့တဲ့ ဇာတ်ဝင်ခန်းနဲ့ ကိုက်ညီအောင် အင်္ကျ ီအပြဲကိုဝတ်ဆင်ကာ သရုပ်ဆောင်ခဲ့ပါတယ်။ သဏ္ဍာန်လုပ်သရုပ်တူနေတဲ့ ရွှေပိုးအိမ်ရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo – Shwe Poe Eain’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။