မင်းသမီးချောလေး အကယ်ဒမီစိုးပြည့်သဇင်တစ်ယောက် သူ့ရဲ့အစ်မဝမ်းကွဲတော်စပ်သူ အဆိုတော်မလေး စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာဆောင်မှာ ပန်းကြဲသူအဖြစ် ပါဝင်ကူညီပေးမှာဖြစ်ပါတယ်။ စိုးပြည့်သဇင်နဲ့ စန္ဒီမြင်လွင်တို့ညီမနှစ်ယောက်ဟာအသက်ရွယ်အားဖြင့်မတိမ်းမယိမ်းတွေရှိကြတာမို့ ညီအစ်မဆိုပေမယ့် သူငယ်ချင်းလိုလည်း ချစ်ခင်ပေါင်းသင်းကြပါတယ်။ 

ချစ်ရတဲ့သူနဲ့ပေါင်းဖက်ရတဲ့အတွက် အစ်မဖြစ်သူအတွက် စိုးပြည့်တစ်ယောက် ပျော်ရွှင်ရပါတယ်တဲ့။ အစ်မဖြစ်တဲ့ မဒီအတွက် စိုးပြည့်ရဲ့ဆုတောင်းလေးကတော့ "ဘဝလက်တွဲဖော်နဲ့ သက်ဆုံးတိုင်ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ပါစေ။ တူမလေးတွေလည်းအမြန်ဆုံးလိုချင်ပါတယ်" ဆိုပြီး ပြောထားပါတယ်။ 

စိုးပြည့်ကိုချစ်တဲ့ပရိတ်သတ်တွေက စိုးပြည့်ကိုလာမယ့် ၂၀၁၇ အကယ်ဒမီဆုပေးပွဲမှာ ခေါက်ထီးလေးမလုံ့တစ်လုံဇာတ်ကားနဲ့ အကယ်ဒမီဆုတစ်ခု မျှော်မှန်းထားကြပါတယ်။ အခုလိုမျှော်လင့်ပေးကြတဲ့ ပရိတ်သတ်တွေအတွက်ကြောင့် စိုးပြည့်တစ်ယောက် အရမ်းကိုကျေးဇူးတင်တယ်လို့ သိရပါတယ်။

source-Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။