နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်တစ်ယောက် ချောင်းသာကမ်းခြေမှာ အပြတ် တွေလန်းနေပါတယ် ပရိတ်သတ်ကြီးရေ။ အောင်မြင်တဲ့ မော်ဒယ်တစ်ဦးဖြစ်ပြီး ပရိတ် သတ်လက်ခံအားပေးတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးတာကိုတော့ ယနေ့ထက်ထိ မတွေ့ရသေးပဲ သီချင်း MTV ရိုက်ကူးမှုတွေမှာတော့ မကြာခဏတွေ့နေရပါတယ်။ မိန်းကလေးပရိတ်သတ်တွေရဲ့ အသည်းစွဲကိုယ်တော်လေး ဖြစ်ပြီး မော်ဒယ်လောကမှာတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီလေးတစ်ခိုင်ဖြစ်လို့နေပါတယ်။ ယောကျာ်းပီသတဲ့ပုံစံကြောင့်ပဲ အများဆုံးဝန်းရံခံရတာဖြစ်ပါတယ်။ မိဘကိုသိတတ်တဲ့သား လိမ္မာလေးတစ်ဦးဖြစ်ပြီး ဖခင်ရဲ့လုပ်ငန်းအတွက်လည်း ကားတစ်စီးဝယ်ပေးခဲ့ပါသေး တယ်။

အနုပညာလောကသားတစ်ဦးဖြစ်တာကြောင့် အမျိုးမျိုးသောအနှောက်အယှက်တွေလည်း ကြုံရစမြဲပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က လူတစ်ယောက်က ဖုန်းဆက်ပြီး ဖုန်းဆက်ပြီး ညစ်ညမ်းစကားလုံးတွေနဲ့နှောက်ယှက်ခဲ့တာကြောင့် ပိုင်တံခွန်တစ်ယောက် စိတ်တိုဒေါသ ထွက်ပြီး သူ့ရဲ့ Facebook မှာ သူဟာ ယောကျာ်းချင်းစိတ်ဝင်စားတဲ့ Gay မဟုတ်ပဲ ယောကျာ်းစစ်စစ်သာဖြစ်ကြောင်း တင်ထားပါသေးတယ်။ ခန့်ချောကြီးဆိုတော့လည်း မိန်းကလေးတင်မက အခြောက်တွေကပါကြည်တဲ့သဘောပါပဲ။

လက်ရှိမှာတော့ ချောင်းသာကမ်းခြေမှာရောက်ရှိနေပြီး အချိုဆုံးအပြုံးတွေနဲ့ မိန်းကလေး ပရိတ်သတ်တွေကို အပြည့်အဝဆွဲဆောင်နေပါတယ် ပရိတ်သတ်ကြီးရေ။ မော်ဒယ်အချော စားလေးပိုင်တံခွန်ရဲ့ မကြွေကြွေအောင်ခြွေနေတဲ့ အပြုံးချိုချိုပုံရိပ်လေးတွေကို ပရိတ်သတ် ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Paing Takhon’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။