အနုပညာလောကထဲက စုံတွဲတစ်တွဲဖြစ်တဲ့ သူရိယနှင့်ဆုအိမ်စံတို့ရဲ့အချစ်ရေးဟာ နားလည်မှုအပြည့်နဲ့ သာသာယာယာရှိလှပါတယ်။ သူတို့ရဲ့ တစ်နှစ်ပြည့် Anni Date ကတော့ ဒီလ(၂၂)ဆိုပြည့်ပြီဖြစ်ပါတယ်။သူတို့နျှစ်ယောက်ရဲ့ 1 year Anniversary Dayကိုတော့ ရိုးရိုးလေးဘဲဖြတ်သန်းမယ် ဘာမှထူးထူးခြားခြားစီစဉ်ထားတာမရှိဘူးလို့ သိရပါတယ်။ နှစ်ယောက်လုံးအလုပ်ကိစ္စတွေနဲ့ ခရီးသွားဖို့ရှိတယ်လို့ သိရပါတယ်။ (၂၃)ရက်နေ့မှာတော့ Burmese မဟေသီရဲ့ မင်္ဂလာဆောင်မှာ သတို့သားနဲ့ သတို့သမီးအရံလုပ်ရမှာဖြစ်ပါတယ်။ 

ဖေဖော်ဝါရီလမှာရောက်ရှိမယ့် ဗယ်လင်တိုင်းဒေးမှာလည်း သူတို့နှစ်ယောက်ဟာ အလုပ်ကိစ္စတိုင်ပင်ထားတာရှိတဲ့အလုပ် အလုပ်ဘဲလုပ်ဖြစ်မယ်လို့ သိရပါတယ်။ သူတို့နျစ်ယောက်ရဲ့ အချစ်ရေးအေးချမ်းသာယာရတဲ့ အဓိကလျို့ဝှက်ချက်ကတော့ သူတို့နှစ်ယောက်လုံးဟာ စိတ်တူကိုယ်တူရှိလှပြီး အေးအေးဆေးဆေးနေတတ်လို့ဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးအကြား စိတ်ဆိုးစိတ်ကောက်တာတွေရှိပေမယ့် နားလည်မှုရှိတဲ့အတွက် အရမ်းကြီးကြီးမားမားပြသနာတွေမရှိဘူးလို့လည်း သိရပါတယ်။

အရမ်းအားကျစရာကောင်းတဲ့ Relationshipလေးတစ်ခုပါဘဲ။ ပရိတ်သတ်တွေလည်း ဆုဆုတို့စုံတွဲကို နှစ်သက်အားကျလိမ့်မယ်လို့ယုံကြည်ပါတယ်။ ဆုဆုရဲ့ပရိတ်သတ်တွေအတွက် ဆုတောင်းစကားလေးကတော့ "ပရိတ်သတ်တွေအကုန်လုံး စိတ်ဧ။်ချမ်းသာ ကိုယ်ဧ။်ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး လာမယ့်ဗယ်လင်တိုင်းဒေးမှာလည်း ဆင်ဂယ်လေးတွေအကုန်လုံးချစ်သူတွေရကြပြီး ချစ်သူစုံတွဲတွေလည်းပျော်ရွှင်နိုင်ကြပါစေ"လို့ ဆုတောင်းပေးထားပါတယ်။

source - Myanmar celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။