ပရိတ်သတ်ကြီးရေ ပရိတ်သတ်ကြိုက်တဲ့ အဆိုတော်တွေထဲမှာတော့ စော်ကြည်မှာကြောက်တဲ့အဆိုတော် သုံးယောက်ရှိပါတယ်။ သူတို့ကတော့ ကျော်ထွဋ်ဆွေ၊ လစ်တယ်ချန်း နဲ့ ရဲရင့်အောင်ပဲဖြစ်ပါတယ်။ သူတို့သုံးယောက်ရဲ့ စော်ကြည်မှာစိုးလို့ နာမည်ပေးထားတဲ့သီချင်းလေးကလည်း ပရိတ်သတ်တွေကြိုက်နှစ်သက်တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်မယ်လို့ထင်ပါတယ်။

ယခုတွေ့မြင်နေရတဲ့ပုံရိပ်လေးတွေကတော့ သူတို့သုံးယောက်ရဲ့ စော်ကြည်မှာစိုးလို့ ဆိုတဲ့ သီးချင်းလေးရဲ့ music video ရိုင်ကွင်းပေါ်ကပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ သီချင်းထဲမှာပါတဲ့ “ ရေမချိုး၊ မှန်မကြည့် ၊သေရော ဆံပင်ဘုတ်သိုက်ကြီး “ ဆိုတဲ့အတိုင်းသူတို့ရဲ့ပုံစံလေးတွေက ပြောင်ချော်ချော် ပုံစံလေးတွေဖန်တီးထားတာပဲဖြစ်ပါတယ်။ သီချင်းလေးတွေကအစ ပရိတ်သတ်တွေအတွက် ရီစရာသီချင်းလေးတွေ ဖန်တီးပေးတတ်တဲ့ ကျော်ထွဋ်ဆွေရဲ့ပုံစံလေးတွေကလဲ ထို music video လေးထဲမှာ တမျိုးလေးဆန်းသစ်နေမယ်လို့ထင်ပါတယ်။

သီချင်းလေးထဲမှာတော့ စော်ကြည်မှာကြောက်တဲ့ သူတို့သုံးယောက်ကတော့ အပြင်လောကမှာတော့ သာယာတဲ့အချစ်ရေးလေးတွေကို ကိုယ်စီပိုင်ဆိုင်ထားတဲ့ အဆိုတော်တွေပဲဖြစ်ပါတယ်။ ကျော်ထွဋ်ဆွေဆိုရင်လဲ သူ့ရဲ့ချစ်သူနန်းသူဇာနှင့်အတူသာယာတဲ့ အချစ်ရေးလေးကိုပိုင်ဆိုင်ထားပါတယ်။ ရဲရင့်အောင်ဆိုလို့ရှိရင်လည်း မကြာသေးခင်အချိန်လေးကမှ ချစ်သူအတွက် ချစ်သက်လက်ဆောင်တက်တူးလေးနဲ့ surprise လုပ်ထားတာပဲဖြစ်ပါတယ်။ထို့အတူ လစ်တယ်ချန်း ကလဲ သူ့ရဲ့ချစ်သူလေးနဲ့အတူ ပျော်ရွှင်နေတာပဲဖြစ်ပါတယ်။ စော်ကြည်မှာစိုးလို့ ဆိုတဲ့ သီချင်းလေးရဲ့ music video ထွက်လာရင်လဲ ပရိတ်သတ်တွေကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ်။

source - little chan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။