ကြမ်းပိုးက လူတွေရဲ့ သွေး ကို မစုပ်ပဲ နဲ့တောင် ၃ လ တိတိ အသက် ရှိနေနိုင်ပြီး အပူချိန်၊ အအေး ဒီဂရီ အမြင့်ကြီး ထဲ မှာလည်း အသက် ရှင်နေနိုင်ကြပါတယ်။ ရေထဲတောင် အချိန်ကြာမြင့်စွာ နေနိုင်ပါတယ်။ ကြမ်းပိုး ဒုက္ခပေး လို့ အိပ်ရေးပျက် သူတွေ ရှိပါတယ်။ အကောင်သေးသလောက် ကိုက်ရင်လည်း ယားခြင်း၊ နာခြင်း မျိုးဖြစ်ပါတယ်။ ကြမ်းပိုး ဟာ တော်ရုံနဲ့ မသေပဲ အသက်ပြင်း တဲ့ သတ္တဝါ စာရင်းထဲမှာ ပါဝင်ပါတယ်။

ဒီလို ကြမ်းပိုတွေက အိမ်က ကြမ်းခင်းမှာ၊ အိပ်ရာထဲမှာ၊ ဧည့်ခန်းမှာ .. စသည်ဖြင့် ဘယ်လိုနေရာမျိုးမဆို ကြမ်းပိုးတွေ ရှိနေတတ်ပါတယ်။ သူတို့က အစုံလိုက် အပြုံလိုက် အုပ်စုဖွဲ့နေကြပြီး အမြတ်ပြတ်ဖို့ နှိမ်နင်းရတာလည်း မလွယ်လှပါဘူး။ ဒီလိုဒုက္ခတွေရန်မှ ကင်းဝေးစေဖို့ အိမ်တွင်းကုထုံးများဖြင့် ကြမ်းပိုးကို အလွယ်တကူ နှိမ်နင်းနိုင်မယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆပ်ပြာမှုန့်၊ ဆပ်ပြာ ကရင်မ် တစ်မျိုးမျိုး ကို ရေ နည်းနည်းနဲ့ ခပ်ပျစ်ပျစ်ဖျော်ပြီး ကြမ်းပိုး ရှိတဲ့နေရာ များကို ဖျန်းပေးပါ။

(၂) ဒူးရင်းသီး ရဲ့ ထူးခြားပြီး ပြင်းထန်တဲ့ အနံ့ကို ကြမ်းပိုး တွေ ကြောက်ကြ ပါတယ်တဲ့။ ဒူးရင်းသီး အခွံကို အိပ်ယာဘေး၊ အိပ်ယာ အောက် မှာ ထားပါ။ အိပ်ခါနီး အနံ့ မခံနိုင်ရင် ဘေးဖယ် ထားပါ။

(၃) ဆေးနည်း တစ်မျိုး ကတော့ မြင်းသား အဆီ ကို ဆီမီးခွက်ထဲ ထည့်ပြီး မီးထွန်း ထားရင် ထိုအနံ့ကို ကြမ်းပိုး များကြောက်ပြီး ပြေးကြ ပါတယ်။

(၄) ပရုပ်လုံး များကို ခေါင်းအုုံး၊ စောင်၊ ခြင်ထောင်၊ အိပ်ယာဘေး တို့မှာ ထည့်ထားပါ။ ပရုပ်လုံး အနံ့ကို ကြမ်းပိုး များ ကြောက်ပါတယ်။

(၅) ကြောင်မန်းရွက် ကို အိပ်ယာ အောက် ထည့်ထားပါ။ ထို အနံ့ကြောင့် ကြမ်းပိုး များ မလာနိုင်တော့ပါဘူ။

(၆) ဖယောင်း ကော်ဇော ခင်းအိပ်ပါ။ ဖယောင်း ကော်ဇော ကို ဂျပိုး များ မနှစ် သက်ပါ။

ကြမ်းပိုးမရှိအောင် အိပ်ယာခင်း၊ ခေါင်းအုံးစွပ်များကို မကြာခဏ လျှော်ပါ။ ခြောက်သွေ့သည် အထိ နေပူ လှန်းပါ။ ပြီးလျှင် မီးပူ ပြန်တိုက်ပါ။ သန့်ရှင်းအောင် နေပါ။ သတိထားရမှာ ကတော့ ကြမ်းပိုးရန်ကို ကာကွယ်ပေးတဲ့ ဖြန်းဆေးတွေသုံးရင် သတိထားရမယ်။ ဆေးဖြန်းပြီးရင် လက်ကို စင်ကြယ်အောင် ပြန်ဆေးပေးရပါမယ်။

အားလုံးပဲ ကြမ်းပိုး အန္တရာယ် မှ ကင်းဝေးကြပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေရှင်။

ကိုးကား : Ko Ko Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။