မြန်မာနိုင်ငံရဲ့ နာမည်ကြီး Beauty Blogger တစ်ဦးဖြစ်တဲ့ နေခြည်ဦးကတော့ ပြိုင်ပွဲဝင်အပေါ် မရယ်ရွယ်ဘဲ ပြုမူမိလိုက်တဲ့ သူမရဲ့ အပြုအမူအတွက် တောင်းပန်စကား ဆိုလိုက်ပါတယ်..။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က MRTV-4 က ထုတ်လွှင့်ပြသခဲ့တဲ့ Make Me Beautiful ပြိုင်ပွဲမှာ ဒိုင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်..။

အဲ့ဒီအစီအစဉ်မှာ နေခြည်ဦးတစ်ယောက် ပြိုင်ပွဲတစ်ဦးအပေါ်ကို ရယ်ခဲ့မိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေကို ဆက်တိုက်ရင်ဆိုင်ခဲ့ရပါတယ်..။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နေခြည်ဦးက Make Up Artist ဂျူလိုင် နဲ့ ပြိုင်ပွဲဝင်မော်ဒယ်အတွက် စိတ်မကောင်း ဖြစ်ရပြီး ပြိုင်ပွဲရိုက်ကူးရေး အချိန်တောက်လျှောက်လည်း တောင်းပန်စကားဆိုခဲ့တယ်လို့ သိရပါတယ်..။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရမှုအပေါ်မှာလည်း နေခြည်ဦးက အင်တာဗျူးတစ်ခုမှာ ပြန်လည်ဖြေဆို ပြောကြားထားတာ တွေ့ရပါတယ်..။

“အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နေခြည် တော်တာ်လည်း စိတ်မကောင်းဖြစ်ပါတယ်.. ကိုယ့်ရဲ့ ဝေဖန်မှုကြောင့် ဝေဖန်ခံရတဲ့ မိတ်ကပ် ဂျူလိုင်နဲ့ ပြိုင်ပွဲဝင်ပေးခဲ့တဲ့ မော်ဒယ်အတွက် နေခြည် တစ်ကယ်စိတ်မကောင်းဖြစ်ခဲ့ပါတယ်..။

ဒါပေမယ့် Make Me Beautiful ဆိုတဲ့ မိတ်ကပ်ပြိုင်ပွဲက တစ်ခြား TV Show တွေလို Live လုပ်ပြီးတော့ ပြိုင်ပွဲဝင်တာမဟုတ်ဘူး.. ရိုက်ကတည်းက နေခြည်တို့ ရယ်လိုက်မိတဲ့အတွက်ကြောင့် ဒီလိုပြသနာတွေ ဝေဖန်ခံရမယ်ဆိုတာကို နည်းနည်းတော့ နေခြည်ရိပ်မိပါတယ်..။

ထင်ထားတဲ့အတိုင်းပဲ ပရိသတ်တွေက ပြိုင်ပွဲဝင်ဘက်ကနေပြီးတော့ နေခြည်တို့ဝေဖန်တာကို လက်မခံနိုင်တဲ့ အနေအထားတွေဖြစ်လာတယ်..။ နေခြည်ကိုယ်တိုင်လည်း တကယ် စိတ်မကောင်းဖြစ်ခဲ့တယ်.. ဒါပေမယ့် ကိုယ်ထင်ထားတာထက် ပိုပြီးတော့ ဝေဖန်ခံရတဲ့အတွက် နည်းနည်းတော့ စိတ်ထဲမှာ ကသိကအောက် ပိုပြီး ဖြစ်တာပေါ့နော်..။

နေခြည်မှာ ဒိုင်အတွေ့အကြုံမရှိသေးတာကြောင့် မရင့်ကျက်တဲ့ ပုံစံဖြစ်သွားခဲ့တယ်..။ နောက်ဆို ဒီလိုအမှားမျိုး ထပ်မရှိရအောင် ဆင်ခြင်တော့မှာပါ..။ ကိုယ်လုပ်လိုက်တဲ့ ကိစ္စတစ်ခုကြောင့် Makeup Artist အတွက်ရော မော်ဒယ်အတွက်ရော တော်တော်စိတ်မကောင်းဖြစ်မိပါတယ်.. နေခြည် ဝေဖန်ခံရတာကလည်း ဒီလိုရယ်ခဲ့မိတဲ့အတွက် ပြန်ပြီး ဝဋ်လည်တယ်လို့ပဲ သတ်မှတ်ပါတယ်..။

ကိုယ်လုပ်လိုက်တဲ့ အပြုအမူတစ်ခုက သူများသားသမီးကို စိတ်ထိခိုက်ပြီး ဝမ်းနည်းမှုပေးသလို ၊ မျက်ရည်လည်း ကျခဲ့တယ်.. အဲ့အတွက်ကြောင့် နေခြည်တို့ အစကတည်းကလည်း စိတ်မကောင်းဖြစ်ပြီးသားပါ..။

နေခြည်တို့ ပြိုင်ပွဲရိုက်နေတဲ့အချိန်တစ်လျောက်လုံးလည်း တောင်းပန်ခဲ့တယ်.. ပွဲပြီးတဲ့အချိန်မှာလည်း တောင်းပန်ခဲ့တယ်.. ဘယ်လိုပဲ တောင်းပန်ခဲ့ပါစေ ငိုတဲ့သူကလည်း ငိုပြီးတဲ့အတွက်ကြောင့် ဝေဖန်မှုတွေကိုလည်း နေခြည် လက်ခံပါတယ်..” လိုု့ ပြောခဲ့တာ ဖြစ်ပါတယ်..။

Source – Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။