အသံပါဝါကောင်းကောင်းနဲ့ နာမည်ကျော်တေးသံရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်ဆုန်သင်းပါရ်ကတော့ နှစ်သစ်ကို ဝမ်းသာစရာသတင်းလေး နဲ့ ကြိုဆိုခဲ့တာပဲဖြစ်ပါတယ်။မကြာခင်မှာ သူမတို့ရဲ့ မိသားစုလေးထဲကို ချစ်စရာကောင်းတဲ့ ဘေဘီလေးတစ်ယောက် ထပ်မံရောက်ရှိလာတော့မယ်လို့ ဝမ်းသာဖွယ်ကြားသိရပါတယ်။ လက်ရှိမှာတော့ ချစ်စရာကောင်းတဲ့ သားလေးရယ် ချစ်ရတဲ့ ခင်ပွန်းနဲ့ အတူသာယာပျော်ရွှင်တဲ့ အိမ်ထောင် သည်ဘဝလေး ကိုဖြစ်သန်းနေတဲ့ သူမကတော့ ယခု ဒုတိယမြောက်ရင်သွေးလေးရလာတော့မှာ ဖြစ်တာ ကြောင့် အရမ်းကိုဝမ်းသာပျော်ရွှင်နေပုံရပါတယ်။

ဒုတိယမြောက်ရင်သွေးလေးရဲ့ ကိုယ်ဝန်လေးကတော့ လက်ရှိမှာ ငါးလကျော် ခြောက်လထဲရောက်လာပြီလို့ ဆိုပါတယ်။သူမအနေနဲ့ အစကတတည်းက ရင်သွေးလေး အနည်းဆုံး နှစ်ယောက် အများဆုံးသုံးယောက်ယူဖို့ စိတ်ကူးထားတာပါလို့ အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့တာပဲဖြစ်ပါတယ်။အခုတော့ သူမစိတ်ကူး မျှော်မှန်းထားတဲ့အတိုင်း ဒုတိယမြောက်ရင်သွေးငယ်လေးကို မကြာခင်မှာရရှိလာတော့မှာ ဖြစ်တာကြောင့် အရမ်းကို ပျော်ရွှင်နေတာ ပဲဖြစ်ပါတယ်။

လက်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ လာမယ့်ဖေဖော်ဝါရီ (၃)ရက်နေ့မှာ ဖျော်ဖြေကျင်းပမယ့် ''The Power Of Four ''ဂီတဖျော်ဖြေပွဲလေးအတွက် ပြင်ဆင်မှုတွေ အများကြီးပြုလုပ်နေတာပဲဖြစ်ပါတယ်။ ဒီရှိုးပွဲလေးကတော့ သူမရဲ့နောက်ဆုံးဖျော်ဖြေမယ့် ပွဲလေးဖြစ်ပြီး ဒုတိယရင်သွေးလေးမွေးဖွားပြီးတဲ့ အချိန်မှ အနုပညာလုပ်ငန်းတွေ ပြုလည်လုပ်ကိုင်မှာပဲဖြစ်ပါတယ်။ဒုတိယမြောက်ရင်သွေးလေး ရရှိတော့မယ့် ပရိသတ်အချစ်တော် ဆုန်သင်းပါရ်အတွက် ဂုဏ်ပြုစကားလေးဆိုလိုက်ပါအုန်းနော်။ 

သတင်းအရင်းအမြစ် - ဆုန်းသင်းပါရ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။