သရုပ်ဆောင်စိုးသူဟာ ယခုအချိန်မှာတော့ စိုးမြတ်နန္ဒာနှင့် ချစ်သူဖြစ်နေတာကိုတော့ လူတိုင်းသိကြမှာပါ။ စိုးသူရဲ့ အရင်မိန်းမနှင့် ဘယ်လိုကိစ္စမျိုးတွေဖြစ်ခဲ့လဲ သမီးလေးတစ်ယောက်ရှိရဲ့ သားနှင့် ဘာလို့ ကွာရှင်ခဲ့ကြလဲ စိုးသူဘက်ကနေပြီးသူ့မိန်းမဟောင်းကို လင်ငယ်နေတယ်ဆိုပြီး ပြောခဲ့တဲ့ စကားတွေ မေးခွန်းတွေ အတွက် မခင်မြတ်မြတ်ဝတ်မှုန်ဆွေ ဘက်က ယခုလိုပြောကြားလာခဲ့ပါတယ်။

သူမအနေနှင့် သူမအကြောင်းကိုပြောနေတဲ့ စကားတွေနှင့် ပတ်သက်ပြီးပြောချင်တာရယ် သူမကို တရားစွဲမယ်ဆိုရင် သက်သေပိုပြီး ခိုင်မာအောင်လို့ ဒီလိုမျိုးပြောရခြင်းလို့ဆိုထားပါတယ်။ သူမဟာ ကိုစိုးသူနှင့် လက်ထပ်ခဲ့ပြီး လက်ထပ်ပြီး နာရီပိုင်းအတွင်းမှာဘဲ စိုးသူဟာ နိုင်ငံခြားကို ထွက်သွားခဲ့ပါတယ်။

ထို့နောက်သူမလိုက်သွားတဲ့အခါမှာတော့ စိုးသူဟာ သူ့မှာ လိင်ဆက်ဆံရင် ကူးဆက်နိုင်တဲ့ ရောဂါရှိတယ်ဆိုပြီးပြောခဲ့တဲ့ အတွက်ကြောင့် သူမအနေနှင့် လက်ထပ်ပြီးပြီဘဲ ဘာတတ်နိုင်မလဲလေ ဆိုပြီး ဆက်လက်ပေါင်းသင်းခဲ့ပါတယ်။

စိုးသူရဲ့ရောဂါကို ဆက်လက်ကုသခဲ့ပြီး နှစ်နှစ် သုံးနှစ်အကြာမှာ သူတို့ရဲ့ သမီးဦးလေးကို ရရှိခဲ့တယ်လို့ပြောခဲ့ပါတယ်။ စိုးသူကတော့ ၂၀၁၃ မှာ ဖောက်ပြန်ခဲ့တယ်လို့ပြောထားပါတယ်။ သူမအနေ နှင့် သူမကို စိုးသူကရောဂါရှိလို့ အိမ်ထောင်ရေးသုခကို မဖြည့်စည်းပေးနိုင်လို့ ဖောက်ပြန်တယ်ဆိုပြီး မဟုတ်မမှန်တာ ပြောခဲ့တဲ့အတွက်ကြောင့် သူမအနေနှင့်ဖြေရှင်းရခြင်းဖြစ်ပြီးဖြေရှင်းရတဲ့ အကြောင်းအရင်းကလည်း သူမသမီးလေးအတွက်ကြောင့်လို့ဆိုပါတယ်။

သူမသမီးလေးအနေနှင့် အဖေက အစ်မပြီးလို့ ညီမ ကို ဖောက်ပြန်ခဲ့တဲ့ နှာဘူးကောင်ကြီးဖြစ်ပြီး အမေက လင်ငယ်နေတဲ့ သူဆိုပြီး ပြောလာခဲ့ရင် သူမသမီးလေးခံစားရမှာဆိုးလို့ပြောရခြင်းဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ သူမမှာ ဖောက်ပြန်တဲ့ကိစ္စကို ဘာမှမပြောလိုသော်လည်း သူမကို ယခုလိုမျိုးစွပ်စွဲခဲ့တာကို မခံနိုင်လို့ဖြေရှင်းဖို့ပြောတာပါလို့ဆိုပါတယ်။

သူမမှာ အထောက်အထားတွေလည်းရှိပြီး အကယ်၍ ၆၆(ဃ) နှင့် တရားစွဲမယ်ဆိုလည်း ထောင်ထဲဝင်မှာမကြောက်ပါဘူးလို့ပြောခဲ့ပါတယ်။ သူမကို ထောင်ကျအောင်လည်း စိုးသူက ကြံစည်ခဲ့ဘူးတယ်လို့လဲပြောဆိုခဲ့ပါတယ်။ ဒီဗီဒီယိုကို သူမ ဖေ့ဘွတ် အကောင့်ပေါ်မှာတင်ခဲ့ပြီး ပရိသတ်တွေကတော့ မကျေနပ်ချက်တွေ ထွက်ပေါ်လာခဲ့ကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။