ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာမြေကြီးမှာ လူတန်းစားပုံစံ အလွှာပေါင်းစုံနေထိုင်ကြပါတယ်။ ဒီလို အလွှာအတန်းအမျိုးမျိုးတွေထဲမှာမှ အခြေခံလူတန်းစားတွေရဲ့ ဘဝဟာ အလွန်ပင် စာနာစရာကောင်းလှပါတယ်။ အစာရေစာ ရှားပါးခြင်း ၊ ခိုကိုးရာမဲ့ဖြစ်ပြီး အကာကွယ်မဲ့ခြင်းတွေကို ကလေးငယ်အများစုဟာကြုံတွေ့နေကြရပါတယ်။ဒီလိုကလေးလေးတွေရဲ့ ဘဝကို ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

တချို့ဓာတ်ပုံတွေဟာဆိုရင် အသက်အရွယ်ငယ်သေးသော်လည်း မောင်နှမနှစ်ယောက်ကြားသံယောဇဉ်ကို ထင်ဟပ်စေတဲ့ ပုံလေးတွေကိုတွေ့ရမှာပါ။ ကလေးငယ်လေးတွေရဲ့ ချို့တဲ့လှတဲ့ ဘဝတွေကို အဓိက အသားပေးပြီးရိုက်ကူးထားတဲ့ အဆိုပါ ဓာတ်ပုံတွေဟာ ကြည့်မိသူတွေရဲ့ ရင်ထဲကို တစ်စုံတစ်ရာ ခံစားသွားရစေပါတယ်။

ကမ္ဘာကြီးမှာ လူဦးရေနေ့စဉ်နဲ့ အမျှ တိုးတက်လာနေပြီး အခြေံလူတန်းစားဦးရေဟာလည်း ဆက်လက် များပြားနေဆဲဖြစ်ပါတယ်။ အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်းတွေ၊ ကလေးငယ်လေးတွေရဲ့ ဘဝအာမခံချက်တွေဟာ တဖြည်းဖြည်း နည်းပါးလာတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း လမ်းသွားရင်း ဒီလိုပုံထဲကလို ကလေးငယ်လေးတွေတွေ့ရင် ကိုယ်စွမ်းသလောက် ကူညီပေးလိုက်ပါနော်..

Source : No One Cares (Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။