ပြည်သူတွေအားလုံး မျှော်လင့်နေတဲ့ ၂၀၁၆အကယ်ဒမီပေးပွဲကြီးကိုကျင်းပမယ့် အစီအစဉ်ထုတ်ပြန်ကြော်ငြာလိုက်ပြီဖြစ်ပါတယ်။

၂၀၁၆ အတွက် ချီးမြှင့် မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ နှင့်ပတ်သက်၍ စိစစ်အကဲဖြတ်မှု များ စတင်ပြုလုပ်နေပြီး ဆုပေးပွဲ အခမ်းအနားကို လာမည့်နှစ် မတ်လလယ်၌ ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း မြန်မာ့ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ လူမင်းက ပြောကြားသည်။

‘‘စိစစ်အကဲဖြတ်ရေးကိစ္စ တွေကို ဆောင်ရွက်နေပါတယ်။ ဘယ်နှကားအထိ စာရင်းဝင်မယ် ဆိုတာကိုတော့ ပြောလို့မရသေး ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ဇင်ဘာနောက်ဆုံးရက်အထိ ရုံ တင်တာကို စောင့်ကြည့်ရမှာဖြစ်တဲ့အတွက် ဘယ်နှကားအထိ စိစစ်အကဲဖြတ်စာရင်းမှာဝင်မယ် ဆိုတာ ပြောလို့မရပါဘူး။ ဒီဇင်ဘာထဲကျမှ အကယ်ဒမီပွဲအတွက် လုပ်ငန်းကော်မတီကို ဖွဲ့ပြီး စတင် ဆောင်ရွက်မှာဖြစ်ပါတယ်။ ရက် ကိုတော့ လောလောဆယ် မတ်လ ၁၈၊ ၁၉ ရက်ကို လျာထားပါတယ်’’ဟု ၎င်းက ပြောသည်။

ယခုနှစ်ဆုရွေးချယ်ရေးအပိုင်းတွင်လည်း ပြီးခဲ့သည့်နှစ်က ဆုရွေးချယ်သည့်ပုံစံကို ပြန်လည် ပြောင်းလဲထားကြောင်း ၎င်းက ဆိုသည်။

‘‘အရင်တုန်းက စိစစ်ရွေးချယ်တဲ့ပုံစံဟောင်းကို ပြန်ယူထား တယ်။ ဘာဖြစ်လို့လဲဆိုတော့ မနှစ်က သက်ဆိုင်ရာဘာသာရပ်ကိုပဲ စိစစ်ရွေးချယ်တဲ့စနစ်ကို ကျင့်သုံးခဲ့တယ်။ အဲဒီမှာ အားနည်းချက်က ဘာသွားတွေ့လဲဆိုတော့ စိစစ်ရွေးချယ်တဲ့ပညာရှင်အရေ အတွက် အင်မတန်နည်းပါးတာ ကိုတွေ့ရတယ်။ ဒါကြောင့် ဟိုး အရင်နှစ်တွေက စိစစ်ရွေးချယ်တဲ့ ပုံစံအတိုင်းပဲ စိစစ်ရွေးချယ်တဲ့သူ တွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ဆုအဖြစ် သတ်မှတ်ပေးမှ ဆုအဖြစ်ရွေးချယ်ဖို့ အဲဒီလိုစည်းကမ်းချက်သတ်မှတ်ထားပါတယ်’’ဟု လူမင်းက ပြောသည်။

နိုဝင်ဘာလကုန်အထိ ရုပ် ရှယခုနှစ်ဆုရွေးချယ်ရေးအပိုင်းတွင်လည်း ပြီးခဲ့သည့်နှစ်က ဆုရွေးချယ်သည့်ပုံစံကို ပြန်လည် ပြောင်းလဲထားကြောင်း ၎င်းက ဆိုသည်။

Source : 7days

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။