အကယ်ဒမီမင်းဦးနဲ့ သူ့ရဲ့ချစ်ဇနီး မခိုင်ဝေသူတို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ မင်္ဂလာဆောင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ကိုယ်ဝန်နဲ့ပတ်သတ်လို့ ပြောကြားခဲ့တာကြောင့် ပရိသတ်တွေအံ့သြခဲ့ရပါတယ်
‘‘ဟန်းနီးမွန်းကတော့ အခု လောလောဆယ်မသွားဖြစ်သေး ဘူး။ မနက်ဖြန်ဆိုရင်လည်း ကား ရိုက်ရှိတယ်။ ရုပ်ရှင်ကားကြီးပြီး ရင်လည်း တီဗီစီးရီးရိုက်ရမှာဆို တော့ အဲဒါလေးတွေပြီးမှပဲ နောက်လထဲလောက်မှ တစ်နေ ရာရာသွားဖြစ်မယ်’’ဟု မင်းဦးက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဇနီးချောလေးရထားတဲ့မင်းဦးကနေ ကိုယ်ဝန်ကိုအမြန်မျှော်လင့်နေကြောင်းကို ယခုလိုပြောကြားခဲ့ပါတယ်။
" ကိုယ့်အသက်အရွယ်အရ ရင်သွေးရမယ်ဆိုရင်တော့ အမြန်ဆုံးလိုချင်ပါတယ်။ " မင်းဦးကနေ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။
ဒါကြောင့် အဖေချောအမေချောကနေ နောက်ထပ် အနုပညာဗီဇသွေးပါတဲ့ မျိုးဆက်သစ်ကလေးမွေးလာမလား စောင့်ကြည့်လိုက်ရအောင်။
Source : 7days
Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။