ပရိသတ်ရဲ့ အသဲတစ်ခြမ်း တေးသံရှင် X box ကတော့ ဒီနေ့(၁၉)ရက်နေ့မှာ ကျရောက်တဲ့ Crush ဖြစ်သူရဲ့မွေးနေ့လေးအတွက် မွေးနေ့ ဆုမွန်ကောင်းလေးတောင်းပေး လိုက်တာပဲဖြစ်ပါ တယ်။ချစ်ပရိသတ်တွေကလည်း Crush ဆိုတဲ့သူလေးက ဘယ်သူဖြစ်မလည်းအရမ်းကို သိချင်နေကြပြီး X box ကတော့ ပရိသတ်တွေရဲ့ သိချင်တဲ့စိတ်ရင်ခုန်သံတွေကိုပိုမို မြန်ဆန်အောင် လုပ်လိုက် ပုံရပါတယ်။X Box ဆုတောင်းပေးလိုက်တဲ့ သူရဲ့ Crush ဆိုတဲ့ သူလေးက ဘယ်သူဖြစ်မလဲ သိချင်ကြ ရဲ့လားပရိသတ်ကြီး??။

သူရဲ့ လူမှုကွန်ယက်မှာတော့ "မနက်ဖြန် Crush လေးရဲ့မွေးနေ့ပဲ Happy Birthday ပါ"ဆိုတဲ့ စာလေးရေးသားခဲ့ တာပဲဖြစ်ပါတယ်။အဲ့ဒီ Birthday wish လေးသူရဲ့ လူမှုကွန်ယက်မှာ ရေး သားပြီး ခဏအကြာမှာတင် ချစ်ပရိသတ်တွေရဲ့ ဘယ်သူလဲပြောပြပါ ဆိုတဲ့မေးခွန်းလေးတွေအများကြီး ထွက် လာခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ X Box အနေနဲ့ Crush ဖြစ်သူက ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ တရားဝင်ထုတ်ပြန် ကြေငြာခြင်းမရှိသေးပဲ လျို့ဝှက်ထားဆဲပဲဖြစ်ပါတယ်။

X box ကတော့ လက်ရှိမှာ တရုတ်နိုင်ငံ ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။သူရဲ့ အနုပညာခြေလှမ်း အသစ်လေးတွေ အတွက်သွားရောက်ရိုက်ကူးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ပရိသတ်တွေ အတွက် အရင်နဲ့မတူပိုမိုထူးခြားတဲ့အနုပညာတွေ တင်ဆက်နိုင်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။X Box ရဲ့ အနုပညာခြေလှမ်း အသစ်လေးတွေ ထွက်ရှိလာရင် လည်းအားပေးကြဖို့ မမေ့ကြနော် ချစ်ပရိသတ်ကြီး။

သတင်းအရင်းအမြစ် - X Box

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။