"ကျွန်တော့်ချစ်သူက ဘယ်သူဆိုတာ ထုတ်ပြောသွားမှာပါ" ဆိုတဲ့ ဇေရဲထက်

အနုပညာမျိုးရိုးမရှိဘဲ ဝါသနာကို အရင်းတည်ကာ ကိုယ့်ထူးကိုယ်ချွန်ဘဝနှင့် အနုပညာလောကထဲသို့ ခြေစုံပစ်ဝင်လာသူကတော့ ဇေရဲထက် ပဲဖြစ်ပါတယ်။ "ကွမ်းစားတတ်တဲ့ ကောင်မလေး" ဆိုတဲ့ ဇာတ်ကားကနေ ပရိသတ်စတင်သတိထားမိခဲ့ပြီး အခုချိန်မှာတော့ နာမည်ကျော် ထိပ်တန်းမင်းသားတစ်လက်ဖြစ်လို့နေပါပြီ။ ဗီဒီယို နှင့် ရုပ်ရှင်ဇာတ်ကားများစွာရိုက်ကူးထွက်ရှိထားပြီး ပီပြင်တဲ့သရုပ်ဆောင်မှုတွေ တမူထူးခြားတဲ့ဟန်ပန်တွေကြောင့် ပရိသတ်အခိုင်အမာနဲ့ အားပေးမှုတွေ ရရှိထားပါတယ်။

အသက်အရွယ် မတိမ်းမယိမ်းအနုပညာရှင်တွေက ရည်းစားတွေကိုယ်စီရှိနေကြပေမဲ့ အချစ်ရေးနဲ့ ပတ်သတ်လို့သတင်းအေးနေတဲ့ ဇေရဲထက်ကတော့ "ကျွန်တော့်ချစ်သူက ဘယ်သူဆိုတာ ထုတ်ပြောသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။ ဒါဟာ လက်ရှိမှာ ချစ်သူရှိနေပြီလို့ ပြောလိုက်တာလား…… ဒါမမဟုတ် ချစ်သူရှိလာရင် ထုတ်ဖော်ပြောသွားမယ်လို့ ဆိုလိုချင်တာလား…………

ဒါကတော့ ကာယကံရှင် ဇေရဲထက်ကိုယ်တိုင် တိတိပပပြောမှ သိရမှာဖြစ်တဲ့အတွက် စောင့်ကြည့်ကြပါစို့ ပရိသတ်ကြီးရေ………

Source: Popular Journal

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။