ဟာသဆန်တဲ့ အပြုအမူလေးတွေနဲ့ ပရိတ်သတ်တွေရဲ့ရင်ကို ပျော်ရွှင်မှုတွေပေးစွမ်းရင်း အနုပညာအလုပ်တွေလုပ်ကိုင်နေတဲ့ ဝေယံထွန်းမင်း (ဂျိုကာ) ကိုပရိတ်သတ်တွေသိကြတယ်မလား၊ သူ့ရဲ့ ဟာသဉာဏ်ရွှင်တဲ့ ဦးနှောက်လေးကိုအသုံးချပြီး ပရိတ်သတ်အတွက် တင်ဆက်ပေးနေတဲ့ အနုပညာလေးတွေကိုလဲ ပရိတ်သတ်တွေကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်။

၀၀ကစ်ကစ်ခန္ဓာကိုယ်လေးနဲ့ ပရိတ်သတ်တွေအတွက် ဟာဒယရွှင်ဆေးတိုက်ကျွေးတတ်တဲ့ ဂျိုကာကတော့ အဆိုတော်ရဲလေးရဲ့ ညီလဲဖြစ်ပါတယ်။ယခုဆိုရင်လဲ ဂျိုကာကတော့ ပရိတ်သတ်တွေ ရယ်မောရအောင် ဟာသလေးတစ်ခု ပေးစွမ်းလိုက်ပါတယ်။ ထိုအရာကတော့ ဂျိုဂျို ကိုချစ်လားဆိုတဲ့စာသားလေးနဲ့အတူ သူရဲ့လူအားလုံးပျော်ရွှင်စေရမယ့် ဓာတ်ပုံလေးတစ်ပုံကို သူရဲ့ဖေ့ဘွတ်အကောင့်ကနေ တင်ပေးခဲ့တာပဲဖြစ်ပါတယ်။

အရင်နေ့တွေက မိတ်ကပ်ညီညီမောင် ရဲ့သုသု့ကိုချစ်လားဆိုတဲ့ video လေးတွေကိုလဲ ပရိတ်သတ်တွေမြင်တွေ့ပြီး ရယ်မောပျော်ရွှင်ရခဲ့မယ်လို့ထင်ပါတယ်။ အခုဆိုရင်လဲ ဂျိုကာရဲ့ ဂျိုဂျို ကိုချစ်လား ဆိုတဲ့ ပုံရိပ်လေးကလဲ ပရိတ်သတ်တွေကိုပျော်ရွှင်မှုတွေပေးစွမ်းနိုင်မယ်လို့ထင်ပါတယ်။ ပရိတ်သတ်ကြီးရေသုသုနဲ့ ဂျိုဂျို နဲ့ ဘယ်သူ့ကိုပိုချစ်လဲပြောခဲ့ဦးနော်။

source - Wai Yan Htun Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။