ယုန်လေးကတော့ကိုယ့်သမိုင်းကိုယ်ရေးကြသူများ-၃ မှာ ပရိသတ်တွေ မထင်ထားတဲ့ သရုပ်ဆောင်တွေကို ထည့်သွင်းရိုက်ကူးထားပါတယ်။ အဲ့ဒီသရုပ်ဆောင်ကတော့ အဆိုတော် ထူးအယ်လင်းကိုပဲ ဖြစ်ပါတယ်။ ထူးအယ်လင်းနဲ့ အတူ ဝါရင်သရုပ်ဆောင်ရှင်များဖြစ်ကြတဲ့ မြင့်မြတ်နဲ့ ယုန်လေးတို့ လည်းပါဝင်မှာဖြစ်ပါတယ်။ အဆိုပါ သရုပ်ဆောင်သုံးဦးရိုက်ကူးမည့် ကိုယ့်သမိုင်းကိုယ်ရေးကြသူသများ-၃ ဇာတ်ကားကိုတော့ မကြာခင် ပရိသတ်တွေ တွေ့မြင်ရတော့မှာပါ။

ယင်းဇတ်ကားတွင်သရုပ်ဆောင်ရမယ့် အပေါ်ကိုလည်း အဆိုတော် ထူးအယ်လင်းက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ယခုလို ရေးသားထားပါတယ်။ “ယုန်လေးရာ မင်းလုပ်မှ ငါ့အဖြစ်က တကယ့်လူဆိုးကြီးဘဝကို သွပ်သွင်းလိုက်သလိုပဲ သရုပ်ဆောင်ရမှာကို တခါမှမတွေးမိဘူး… ကြိုးစားပြီးသရုပ်ဆောင်ပါ့မယ် (ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၃ အတွက် )” ဆိုပြီးပြောပြထားပါတယ်။ ပရိသတ်အများစုကလည်း ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၃ မှာ မြင့်မြတ်နဲ့ ထူးအယ်လင်းကို တွဲပြီးထည့်ထားတဲ့အရမ်းကို အံ့သြနေကြသလို အဲ့ဒီဇာတ်ကားကိုလည်း မျှော်လင့်နေကြတာတွေ့ရပါတယ်။ 

အခု ရုံတင်ပြသခဲ့တဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၂ ဟာဆိုရင်လည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၂ ရုပ်ရှင်ဇာတ်ကားကြီးကို ပြုံးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာဂျိုးက ပုံဖော်ရိုက်ကူး ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား ကြီးထဲမှာ ယုန်လေး၊ ရသ၊ ကြက်ဖ၊ G-Fatt ၊ J Fire ၊ Ice Cold ၊ စိုးနန္ဒာကျော်၊ နန်းမော်၊ ပြုံးမြသွယ်၊ ထူးမွန် တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၂ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီလ ၁၂ ရက်နေ့က စပြီး ရုံတင်ပြသခဲ့တာလည်းဖြစ်ပါတယ်။

Source - HHCCN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။